သို့/ချစ်ရပါသောကောင်ဆိုးလေး(၃၂)

158 15 0
                                    

ရဝေမနက် အိပ်ယာနှိုးလာတော့ တင်းတင်းကျပ်ကျပ်ဖက်ခံထားရသည်မှာ လှုပ်လို့တောင်မရ၊ဒါနဲ့ လှုပ်လို့ရတဲ့ခေါင်းလေးကိုမော့ပြီး တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားသူရဲ့ မျက်နှာအစိတ်အပိုင်းတို့အား သေသေချာချာလေး တစိမ့်စိမ့်ကြည့်နေလိုက်သည်။

နှစ်ယောက်သားက ပြန်အဆင်ပြေသွားကြတော့လဲ မနက်ခင်းအိပ်ယာနှိုးလာ ကတည်းက စိတ်ချမ်းသာ စရာကောင်းနေသည်။တစိမ့်စိမ့်ကြည့်နေရင်းမှ ထိကပ်ထားတဲ့ ခန္ဓာကိုယ်မှ အပူဓာတ်နွေးနွေးကိုရနေတာကြောင့် ရန်နိုင်ဦး ဖျားနေပြီဆိုတာသိလိုက်သည်။

ဖက်ထားရာမှ ဖယ်ခွာကာ ထလိုက်ချင်ပေမယ့် နည်းနည်းလောက်လှုပ်လိုက်တာနဲ့ နှိုးသွားမှာကို စိတ်ပူနေမိသည်။ဒါပေမယ့် နှိုးလာရင် အစာစားပြီးဆေးသောက်ရန်အတွက်လည်း တစ်ခုခုပြင်ဆင်ပေးချင်တာကြောင့် ဖက်ထားတဲ့ လက်တို့အား အသာယာမခါ ဖယ်ခွာဖို့ပြင်လိုက်သည်။ဒါပေမယ့် ခုဏကထက်ပိုတင်းကျပ်စွာ ပြန်လည်ဖတ်လာသူကြောင့် ငြိမ်လိုက်ရပြန်သည်။

"အခုမှ အစောကြီးရှိသေးတယ်၊ပြန်အိပ်ပါဦး၊ညကလည်း အိပ်ရေးပျက်ထားတယ်မလား"

"နှိုးသွားတာလား၊ အဲ့ဒါဆိုလည်း လက်တွေဖယ်ပါဦး၊
မင့်ဖျားနေပြီ ဆေးသောက်ရအောင် တစ်ခုခုစီစဉ်ပေးဦးမယ်"

"ရတယ်ဘာမှ မဖြစ်ဘူး၊ ခေါင်းနည်းနည်းနောက်နေရုံဘဲ"

ဖယ်ခွာခိုင်းနေတာကို မလွှတ်ပေးသူကြောင့် ရဝေသက်ပြင်းဖွဖွချလိုက်သည်။

"ခဏဘဲလေ မင့်အိပ်ချင် ဆက်အိပ်နေ‌နော်၊ ငါဘဲထမယ်"

"ခဏလေးဘဲ ခဏလေးဒီတိုင်းနေပြီးရင် အတူတူထကြမယ်"

"အွန်း"

ပြောမရမယ့်အတူတူ ရဝေလည်း သူဖက်ထားတဲ့အတိုင်းလေးဘဲ ငြိမ်ငြိမ်လေးနေခါ ပြန်အိပ်လိုက်သည်။ညကအိပ်ရေးပျက်ထားတဲ့ အရှိန်ကြောင့်ထင်သည် အချိန်တောင် သိပ်မကြာလိုက် ပြန်အိပ်ပျော်သွားတော့သည်။

ရန်နိုင်ဦးလည်း ရင်ခွင်ထဲက ကောင်လေး တစ်ဖန်ပြန်အိပ်ပျော်သွားမှ ရင်ခွင်ထဲကနေ အသာထုတ်ခါ အိပ်ယာထဲမှ ‌ဖြည်းဖြည်းလေးထလိုက်သည်။ညကမိုးရွာထဲနေလိုက်တာကြောင့် ခေါင်းကနည်းနည်းကိုက်နေသည်။
အဖျားသွေးလည်း ရှိပေမယ့် ငယ်ငယ်ကလိုတော့ အိပ်ယာထဲလှဲနေရတဲ့ထိတော့ မဖြစ်ပါ။

သို့/ချစ်ရပါသောကောင်ဆိုးလေးWhere stories live. Discover now