ဂုဏ်ရဲရင့်လျှံတစ်ယောက် လေဆိပ်ကိုရောက်လာသည်နှင့် လေဆိပ်ရှိ အိုမီဂါများ၏ အကြည့်အားလုံးတို့သည် သူ့ထံပါးမှာသာ ဝေ့ဝဲနေကြ၏။
စိတ်ရှုပ်ဖို့ကောင်းသော်ငြား အမြဲကြုံနေကျအရာများပေမို့ အားလုံးကို သက်မဲ့အရုပ်တွေလိုသာ သဘောထားပြီး ခုံတစ်ခုမှာသာ ဝင်ထိုင်လိုက်သည်။နာရီကိုကြည့်တော့ ညနေ၅နာရီကို ညွှန်ပြလို့နေပြီ။
၅နာရီအရောက်လာမည်ဆိုသော ဆောင်းဟေမန်ဦးကို အရိပ်ပင်မမြင်ရသေး။
မိဘချင်းလည်း သူငယ်ချင်းအရင်းကြီးတွေဖြစ်ပြီး သူတို့ချင်းလည်း မွေးကတည်းကအတူကြီးပြင်းလာကြတဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်မို့သာ ထိုအမျိုးသမီးအယ်လ်ဖာသူငယ်ချင်းမ၏ အချိုးမပြေမှုများကို သည်းခံနေရခြင်းဖြစ်သည်။
တကယ်ဆို ဒီလိုအချိန်မတိကျတာတွေ လုပ်လာတိုင်း အမှုန့်ကြိတ်ပစ်ချင်မိတာ အမှန်ဖြစ်၏။>>>ringing>>>>
"အေး ပြော"
"အမလေး လေသံလေးဘာလေးလျှော့စမ်းပါ"
"အပိုတွေမပြောနဲ့၊ နင် အခုဘယ်မလဲပဲပြော"
"ဟဲဟဲ....ငါ့အချစ်ဆုံးသူငယ်ချင်းလေးရေ ငါလေ ဒီမှာ အသိတစ်ယောက်ကို လိုက်ကူပေးစရာလေးရှိနေလို့၊ အဲဒါ ငါမနက်လေယာဉ်နဲ့မှ လိုက်ခဲ့မယ်နော်"
"ဘာ!!! ဆောင်းဟေမာန်ဦး..."
"ဟိုး ဟိုး.....ဖြည်းဖြည်းအော်ပါ သားရီးရ၊ ငါမလာနိုင်ပေမယ့် ငါ့ရဲ့အစ်ကိုတော်အလှလေးက အဲ့ကိုလာနေပါပြီ
ဒီ တစ်ညတော့ ငါ့သူငယ်ချင်းလေးကပဲ ငါ့ကိုကိုလေးကို စောင့်ရှောက်ပေးထားပါဦး
ဒါပဲနော် သားရီး"ပြောချင်တာပြောပြီး ဖုန်းချသွားသည့် ဟေမာန့်ကြောင့် ဂုဏ်ရဲရင့်လျှံတစ်ယောက် ဒေါသတွေဖြင့်သာ ကျန်နေခဲ့ရ၏။
စာမေးပွဲပြီး ခေါင်းဆေးချင်လို့ တောင်ပေါ်က အပန်းဖြေစံအိမ်ကို သွားဖို့ပြောလာတာလည်း သူ၊
အစက နှစ်ယောက်တည်းသွားမယ်ဆိုပြီး သူ့အစ်ကို ဆေးကျောင်းသား နိုင်ငံခြားကပြန်ရောက်လာတော့ အပန်းဖြေချင်လို့ တစ်ခါတည်းခေါ်ခဲ့မည်ဟုဆိုပြန်သည်။
အိုမီဂါတွေနဲ့ တရင်းတနှီးမနေသလို၊အထက်တန်းပြီးကတည်းက နိုင်ငံခြားရောက်သွားသည့် နွေအရုဏ်ဦးဟူသည့် အိုမီဂါအစ်ကိုနှင့်လည်း စိမ်းနေသည်မို့ နေရခက်ပေမယ့် သူ ဘာမှမပြောခဲ့။
ခုကျ သူ့အိုမီဂါအစ်ကိုကို ကိုယ့်ဆီထိုးအပ်လိုက်ပြီး ဒင်းက ဘယ်အိုမီဂါကို ဖွန်လိုက်ကြောင်ကာ ကျန်နေခဲ့လဲမသိ။