Heatကာလမှာ ပထမဆုံးအကြိမ် အတူနေပါတနာရှိခြင်းဟာ အိုမီဂါလေး၏ ပင်ကိုယ်ပျော့သော စိတ်ခံစားချက်တို့ကို ပိုလို့တိုးသွားစေသည်ထင်သည်။
သူဟာ တစ်ချိန်လုံး အယ်ဖာရဲ့ ဖယ်ရိုမုန်းနံ့ကိုသာ တဖွဖွပူဆာနေပြီး အယ်ဖာ၏ ထွေးပွေ့မှုတို့ကိုလည်း ကလေးတွေမုန့်တောင်းသလို တကြော်ကြော်
တောင့်တတော့၏။
အယ်ဖာသည်လည်း အတွေ့အကြုံအသစ်ပင်ဆိုသော်ငြား အိုမီဂါ၏လိုအင်ဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးရင်း ပြည့်စုံစေခဲ့သည်။ဤသို့ဖြင့် ၇ရက်တာheatကာလကို ကျော်လွန်ပြီးမြောက်သွားတဲ့ နံနက်ခင်းမှာတော့ အိုမီဂါလေးဟာ ပထမဆုံးအကြိမ်အဖြစ် အလုံးစုံသော အသိစိတ်တို့ကပ်ရင်း သူဖက်တွယ်အိပ်စက်နေမိသည့် ရင်အုပ်ကျယ်ကြီးတွေကနေ အလန့်တကြားခွာမိရင်း
"အား....မာမားရေ"
"ကျစ်...ဘာဖြစ်တာလဲဗျာ၊အလန့်တကြားနဲ့"
"ဟင် မင်းနဲ့ငါက ဘယ်လိုလုပ်ပြီး အတူရှိနေတာလဲ"
အနှီအိုမီဂါ၏ အမေးသည် ယုတ္တိတန်လွန်းသည်မို့ ဂုဏ်ရဲရင့်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့်သာ နဖူးပေါ်လက်တင်ပြီး မျက်လုံးတို့ပြန်မှိတ်ထားမိသည်။
သူလို အဆင့်မြင့်အယ်ဖာတစ်ယောက်က ကိုယ့်ကိုဘယ်သူမှန်းတောင်မသဲကွဲတဲ့ အိုမီဂါအတွက် ၇ရက်လုံးအချိန်ဖြုန်းပေးနေခဲ့တာတဲ့လေ။
မာနထိခိုက်ရလွန်းလို့ ပြောစရာပင်မရှိတော့။"ရဲရင့်လျှံ ကိုယ်မေးနေတာ ဖြေဦးလေ"
"ဘာကိုဖြေရမှာလဲ၊ ဘာမှဖြေစရာမရှိဘူး၊
ခင်ဗျား ကိုယ့်အရည်အချင်းနဲ့ကိုယ် ဆေးကျောင်းတက်လာတာဆိုရင် ကိုယ့်ဦးနှောက်ကိုယ် ပြန်အသုံးချပြီးစဉ်းစား"မျက်နှာတွေနီပြီး ဒေါသတွေထွက်နေသည့် သတ္တဝါလေးကြောင့် နွေတစ်ယောက် မျက်စောင်းတစ်ချက်ဝင့်ရင်း အနားပေးထားသည့်ခေါင်းကို ပြန်အလုပ်ပေးလိုက်ရ၏။
ဆေးကျောင်းမှာ Roll3ဆိုတဲ့နေရာက ပေါ့ပေါ့တန်တန်ရခဲ့တာမဟုတ်တာမို့ စဉ်းစားချိန်လည်း သိပ်မပေးလိုက်ရ။ဒါ့အပြင် "ရဲရင့် ကိုယ့်ကိုပေးပါ"ဆိုပြီး တစ်ချိန်လုံးပူဆာနေခဲ့တာတွေပါ အပိုဆောင်းစဉ်းစားမိတော့ မျက်စိစုံမှိတ်လို့သာ စောင်ပုံထဲခေါင်းတိုးရင်း ပြန်အိပ်ချလိုက်မိသည်။
![](https://img.wattpad.com/cover/379972288-288-k753651.jpg)