မျက်လုံးနှစ်လုံးဖွင့်တာနဲ့ ပထမဆုံးအသိက ယစ်မူးဖွယ်ညတစ်ညကို နှစ်ယောက်အတူကုန်ဆုံးခဲ့တာပဲဆိုသည့် အသိဖြစ်၏။
Heatကာလမှာ အသိစိတ်မကပ်နိုင်စွာ ကြုံခဲ့ရသမျှ အိပ်မက်လိုလို လက်တွေ့လိုလိုနဲ့ မကွဲပြားခြင်းအခြေအနေမျိုးလည်းမဟုတ်။
ပုံမှန်အသိစိတ်ရှိသူ အယ်ဖာနဲ့အိုမီဂါက သူတို့ရဲ့ဖယ်ရိုမုန်းရနံ့တွေကို ထုတ်လွှတ်ပေါင်းစည်းပြီး တက်ညီလက်ညီဖြတ်သန်းခဲ့ကြခြင်းမို့ အဖြစ်အပျက်တစ်ခုချင်းစီတိုင်းက အာရုံထဲမှာ အသေးစိတ်အနှေးပြကွက်တွေနဲ့ ပေါင်းကာ အိုမီဂါ၏မျက်နှာလေးမှာ စတော်ဘယ်ရီသီးလေးလို နီစွေးနေလေတော့၏။အခန်းထဲမှာ စွဲကျန်နေဆဲဖြစ်သည့် ဖယ်ရိုမုန်းရနံ့များသည် နှစ်လိုဖွယ်ကောင်းလွန်းလှသည်။ သူခေါင်းအုံးထားမိသည်မှာ ရဲရင့်၏လက်မောင်းဖြစ်နေသည်ကို သတိပြုမိသည့်အခါ တစ်ညလုံးမို့ ညောင်းနေမှာစိုးတာကြောင့် ဘေးကခေါင်းအုံးပေါ်သို့ ပြန်ရွှေ့မည်ပြင်လိုက်၏။
သို့သော်ပြန်ဆွဲဖက်ပြီးပိုတင်းနေအောင် အဖက်ခံလိုက်ရသည်မို့ အသက်ရှူပင်ကြပ်သွားရသည်အထိ"အဟွတ်..... အဟွတ်...... အာ့ နည်းနည်းလျှော့ပါဦး၊ ဘယ်လိုဖြစ်လို့ ဇွတ်ဖတ်နေတာလဲ"
သူက ရန်ထောင်လိုက်ပေမဲ့ တစ်ဖက်သူက မကြားလိုက်ပုံဖြင့် ဂုတ်ပိုးနားဆီသို့ တိုးဝှေ့လာသည်။
ထို့နောက် ညကကိုက်ခဲထားသည့် ဂလင်းနေရာကို လျှာဖြင့်ပွတ်သပ်ပေးရင်း သူ၏နွမ်းလျနေမှုတို့ကို ပြေလျော့စေခဲ့၏။
လက်ထပ်ပြီးကြပြီဖြစ်ပေမဲ့ သူ့ဆန္ဒကိုလိုက်လျောပေးထားသည့်ကောင်လေးက ညကလို ကိုယ်လက်နှီးနှောချိန်မျိုးမှာတောင် အသိစိတ်လွတ်စွာနဲ့ အမှတ်အသားပေးဖို့ကို ကြိုးစားတာမျိုး မလုပ်ခဲ့။
နှစ်ဦးနှစ်ဖက် သာယာရုံအခြေအနေမှာသာ ရပ်တန့်ပြီး သူ့ကိုလည်း စိတ်ကျေနပ်မှု ရစေခဲ့ပါ၏။
မင်္ဂလာပွဲမှာ ပင်ပန်းလာခဲ့တာကိုလည်း သိနားလည်သူက တစ်ညလုံးသောအချိန်တွေကိုလည်းမယူ၊ နှစ်ဦးလုံး စိတ်ကျေနပ်ပြီးမြောက်ကြပြီးနောက် ရေနွေးဖြင့်ရေစိမ်ရင်း သန့်ရှင်းပေးခဲ့သေး၏။
လက်ထပ်ပြီး၁ရက်ပဲရှိသေးလို့ အပြောစောတယ်ထင်နိုင်ပေမဲ့ ဂုဏ်ရဲရင့်လျှံမှာ လူကြီးလူကောင်း၊အိမ်ထောင်ဖက်ကောင်းဆန်တဲ့ အပြုအမူတွေများစွာရှိတာကို သူသတိထားမိပါသည်။
တမင်တကာ သူနဲ့အပြိုင် စကားနိုင်လုတာ၊ရန်ဖြစ်အောင်လုပ်တာကတော့ ခြွင်းချက်ပေါ့။