ဂုဏ်ရဲရင့်လျှံ၏ rutကာလသည် ရက်သတ္တပါတ်တစ်ပတ်တာမျှ ကြာမြင့်ခဲ့ပြီး ထိုတစ်ပတ်လုံး အယ်ဖာနှင့်အိုမီဂါနှစ်ဦးလုံးသည် သူတို့ရဲ့အခန်းထဲ၌သာ အချိန်ကုန်ဆုံးဖြစ်ခဲ့ကြသည်။
Rutကာလပြီးဆုံးသွားသည့်နောက်တွင်ပင် အိုမီဂါလေးမှာ ကျောင်းသို့သွားနိုင်သည့် ခွန်အားတို့ လက်ကျန်နည်းနည်းလေးတောင် ရှိမနေပေ။ဒီနေ့မှာတော့ သူငယ်ချင်းတွေက ဖုန်းဆက်၍စနောက်ခြင်းကို ခံလိုက်ရသည်မို့ သူ့ကိုဒီလိုဖြစ်စေခဲ့သည့် အယ်ဖာကိုတောင် စိတ်ဆိုးမာန်ဆိုးဖြင့် စိတ်တွေကောက်နေတော့၏။
"ကိုကို ဒီမှာ နို့ဆန်ပြုတ်ယူလာခဲ့ပြီ၊ ထပြီး သောက်လိုက်ဦးနော်"
"......"
စောင်ခေါင်းမြီခြုံထားရာကနေ တုပ်တုပ်မလှုပ်လာသူကြောင့် ဂုဏ်ရဲရင့်လျှံတစ်ယောက် မျက်ခုံးတို့ပင့်မိရင်းပဲ သက်ပြင်းပါမသိမသာခိုးချမိရသည်။
ထိန်းချုပ်ခြင်းတို့ ကင်းမဲ့နေသည့် rutကာလမှာ သူ့အိုမီဂါလေးဟာ သူ့ဒဏ်ကို တော်နော်ခံလိုက်ရတာမို့ စိတ်ကောက်မယ်ဆိုလည်း ကောက်ချင်စရာပါပဲ။
ဒါပေမဲ့ နောက်လည်း ဒီလိုပဲကြုံရဦးမှာပဲဆိုတာကိုတော့ ဒီအစ်ကိုသေးသေးလေးသိအောင် သူရှင်းပြရပါဦးမည်။အခုချိန်မှာ ရှင်းပြရင်တော့ အိမ်ပေါ်ကတောင် ဆင်းသွားနိုင်သည်မို့ တိတ်နေရ၏။"ဘေဘီလေး ထနော်၊ခုနကပြောတော့ ဗိုက်ဆာလို့ဆို၊
အဆာလွန်သွားလိမ့်မယ်လေ"စောင်ကိုလှပ်ပြီး ငုတ်တုပ်ထထိုင်လာသူက မျက်စောင်းထိုးဖို့တော့ မမေ့တာမို့ သူ မရယ်ဘဲမနေနိုင်။ဒီမနက်ကတည်းက သူမျက်စောင်းထိုးခံနေရတာ အကြိမ်၁၀၀တောင် မကတော့ဘူးထင်သည်။
"ကိုယ့်ကိုရယ်နေတာလား၊ ဂုဏ်ရဲရင့်လျှံနော် ဆွဲကုပ်ပစ်မှာ"
"ချစ်စရာလေးမလို့ပါဗျာ....စိတ်ကလည်းကြီးလိုက်တာ ကြောင်ပေါက်လေးက"
"ဘာကြောင်ပေါက်လေးလဲ အကြီးကိုအကြီးမှန်းမသိ"
"ကိုယ့်အိုမီဂါကို ချစ်လို့ခေါ်တာပဲဗျာ၊ အကြီးအငယ်စဉ်းစားမနေနိုင်ပါဘူး
ကဲ လာပါ....ဆန်ပြုတ်မအေးခင် ကျွန်တော်ခွံ့ကျွေးမယ်၊ သောက်လိုက်နော်
စမုသီလည်းယူလာတယ်"