"ဘယ်လိုလဲ စိတ်တိုင်းကျရဲ့လား"
"အင်း ကြိုက်တယ် တအားပဲ၊ စိန်တွေက ဘယ်နှစ်ပွင့်တောင်လဲ၊ဒီအကြီးကြီးတစ်ပွင့်နဲ့တင် စျေးကဘယ်လောက်တောင် များနေပြီလဲမသိတာကို"
စိန်သေးသေးလေးတွေ ပတ်ပတ်လည်ဝန်းရံထားတဲ့ စိန်ပွင့်ကြီးက မောင်းကွင်းလေးပေါ်မှာ ဝင့်ကြွားစွာတောက်ပနေသည်။
ဒါက လက်ထပ်ခြင်းအထိမ်းအမှတ်အဖြစ် ဂုဏ်ရဲရင့်ပေးတဲ့ လက်ဆောင်သာဖြစ်ပြီး သူတို့ရဲ့မင်္ဂလာမောင်နှံလက်စွပ်ကတော့ အတွင်းပိုင်းမှာ G&Nလို့ တံဆိပ်ထွင်းထားတဲ့ ရွှေလက်စွပ်မောင်းကွင်းလေးတွေသာဖြစ်၏။"ခင်ဗျား ကြိုက်ဖို့ကအဓိက"
လက်ကို အမျိုးမျိုးဖြန့်ကြည့်ရင်း သဘောကျနေပုံပေါ်သည့် အိုမီဂါလေးကြောင့် အယ်ဖာကြီးမှာ အကျေနပ်ကြီးကျေနပ်နေတယ်ဆိုတာ ပြုံးနေသည့်မျက်နှာက သက်သေပင်။
"ဒီလအတွက် ဒီဇိုင်းအသစ်ထွက်တဲ့ ပစ္စည်းတွေရောရှိသေးလား၊ ရှိသေးရင် တစ်ချက်လောက်ပြပေးပါဦး"
"ဟုတ်ကဲ့....ကျွန်တော်တို့ဆီမှာ ဆောင်းဦးရာသီအမှတ်တရအဖြစ် ထုတ်ထားတဲ့setလေးတွေရှိပါတယ်၊
ပြပေးပါမယ်ခင်ဗျာ"ဆိုင်တာဝန်ခံဖြစ်သူ ဘီတာအမျိုးသားက ယဉ်ကျေးစွာပြန်ဖြေပြီးနောက် အရောင်းဝန်ထမ်းအိုမီဂါလေးတွေကို boxတချို့ သွားယူစေလိုက်သည်။
"ဒါလေးကတော့ မေပယ်ရွက်လေးတွေ၊နှင်းစက်လေးတွေနဲ့ ဒီဇိုင်းဖော်ထားတဲ့ setလေးပါ
နားဆွဲ၊ဆွဲကြိုး၊ဟန်းချိန်း၊ဖုချိန်း၊လက်စွပ်၊ခြေစွပ် အကုန်ပါပြီးသားsetပါ
ဒီနှစ်collectionအဖြစ် 5setသာထုတ်ထားပြီး ကျွန်တော်တို့ ခုထိ တရားဝင်ကြော်ငြာရောင်းချခြင်း မလုပ်ရသေးပါဘူး။
လူကြီးမင်းတို့ကို ပထမဆုံးပြသခြင်းပါခင်ဗျာ"ငွေရောင်ကြိုးလေးတွေသည် တလက်လက်ဖြင့် အသက်ဝင်နေသလို ဆောင်းရာသီနဲ့ခရစ္စမတ်သင်္ကေတ မေပယ်ရွက်၊နှင်းမှုန်နှင်းစက်၊reindeer၊ခရစ္စမတ်လက်ဆောင်ဘူး စသဖြင့်အရုပ်ပိစိလေးတွေက ပစ္စည်းတွေပေါ်မှာ ပုံစံအမျိုးမျိုးဖြင့် လိုက်ဖက်စွာရှိလို့နေသည်။
ထိုပစ္စည်းတွေကို ကြည့်ရှုနေသူ၏ မျက်လုံးများ၏ ရွှင်မြူးမှုအရိပ်တွေကို ဖမ်းမိသွားချိန်မှာတော့
![](https://img.wattpad.com/cover/379972288-288-k753651.jpg)