Part3

931 222 16
                                    

"အား မောလိုက်တာ၊ နည်းနည်းပါးပါး အလျှော့ပေးမယ်မရှိဘူး"

"အဟက်..... ဒီ့ထက်အလျှော့ပေးရရင် အိပ်ပြီးကစားဖို့ပဲရှိမယ်"

ဒီနေ့ကတနင်္ဂနွေနေ့ဖြစ်ပြီး ရဲရင့်လျှံရဲ့အလုပ်နားရက်လည်းဖြစ်တာမို့ နှစ်ယောက်သား နွေတို့အိမ်ကတင်းနစ်ကွင်းထဲမှာ တင်းနစ်ကစားနေကြခြင်းဖြစ်သည်။
အစက ဟေမာန်ရောကစားမယ်လို့ စီစဉ်ထားတာဖြစ်ပေမယ့် သူတွဲနေသည့် အိုမီဂါကောင်မလေးက တွေ့ချင်သည်ဆိုတာနှင့် ကစားပွဲကိုဖျက်ပြီး အပြင်ထွက်သွားခြင်းပင်။
အယ်ဖာညီမလေးတစ်ယောက်ရှိတာ အားကိုးရပုံများတော့ ကိုယ့်အစ်ကိုကို သူများလက်ထဲထည့်ပြီး သူကတော့ အိုမီဂါတစ်ယောက်ပြီးတစ်ယောက်တွဲကာ သာယာနေတော့တာပဲကြည့်ကြပါတော့လေ။

"မင်းက အမြဲကစားနေကျကိုး၊ ကိုယ်က ဒီနှစ်တွေထဲမှာ သိပ်မှမကစားဖြစ်တာ
ဘယ်လိုလုပ် အရင်လိုကစားနိုင်မှာလဲ"

"ဟိုမှာ တစ်ချိန်လုံးစာပဲလုပ်နေတာလား"

"တစ်ခါတလေတော့ သူငယ်ချင်းတွေနဲ့ bowlingကစားဖြစ်ပါတယ်၊ တင်းနစ်လည်း ကစားဖြစ်ပေမယ့် ဒီမှာတုန်းကလိုတော့ အမြဲမကစားဖြစ်ဘဘူးလေ၊
ပြီးတော့ ကိုယ်က စာလုပ်နေရင် အခန်းထဲကအခန်းပြင်ကိုမထွက်ဖြစ်တာ
တစ်လောကလုံးကိုမေ့၊စားသောက်ဖို့ပါမေ့နေလို့ အိမ်တော်ထိန်းက အမြဲလာသတိပေးနေရတာလေ"

"သူ့အချိန်နဲ့သူ ပုံမှန်ပဲလုပ်သင့်တာပေါ့၊ အဲဒါကြောင့် ခင်ဗျားခန္ဓာကိုယ်က ၅နှစ်ကြာတာတောင် ကြီးထွားမလာတာဘဲ ပိန်ပိန်သေးသေးလေးဖြစ်နေတာ"

"ဟွန်း ....ကိုယ်က ဒီပုံစံလေးပဲကြိုက်လို့ ထိန်းထားတာပါနော်
မင်းသာ ၅နှစ်အတွင်း ပိုပိုပြီးကြီးထွားလာလိုက်တာ၊အသက်နဲ့တောင်မလိုက်ဘူး"

"အဆင့်မြင့်အယ်ဖာပဲ၊ဒီလောက်တော့ ရှိသင့်တာပေါ့"

ခပ်ကြွားကြွားလေသံနဲ့ပြောရင်း မြက်ခင်းပေါ်  ကျောခင်း၊ခေါင်းအောက်လက်နှစ်ဖက်ထိုးလျက် မျက်လုံးတွေမှိတ်သွားသည့်သူ
ထိုအနေအထားကြောင့်ပဲ လက်မောင်းကြွက်သားတွေနဲ့အတူ အဆီပိုမရှိတဲ့ခန္ဓာကိုယ်က ပိုလို့ထင်းနေသည်။

Sour&SweetWhere stories live. Discover now