Part15

2K 278 16
                                    

"ပါပါး ဘေဘီလည်း လိုက်ချင်"

"ပါပါးက ညနေဆိုပြန်လာမှာလေ ဘေဘီရဲ့၊ လိမ္မာတယ်နော် ဒယ်ဒီနဲ့နေခဲ့"

"အမ့် ပါပါးကလဲ"

"အချစ်ကလေးက လိမ္မာပါတယ်ကွာ၊ ပါပါးက သူငယ်ချင်းတွေနဲ့ တွေ့ပြီးရင် ချက်ချင်းပြန်လာမှာနော်"

"သူငယ်ချင်းကဘာလဲ ပါပါး"

"သူငယ်ချင်းဆိုတာ အချစ်ကလေး ကျောင်းတွေတက်၊စာတွေသင်ရင်းနဲ့ တွေ့လာရမဲ့သူတွေကို ပြောတာပေါ့၊
အချစ်ကလေး အရွယ်ရောက်ပြီး ကျောင်းတက်ရရင် ရွယ်တူတွေအများကြီးနဲ့ တွေ့ရမှာ၊အဲ့ထဲကမှ စိတ်တူကိုယ်တူရှိပြီး အရင်းနှီးဆုံးအဖြစ် ပေါင်းလို့ရတဲ့ သူငယ်ချင်းဆိုပြီးလည်း ရှိလာဦးမှာ
ခု ပါပါးသွားတွေ့မှာက အဲ့လိုစိတ်တူကိုယ်တူရှိတဲ့ သူငယ်ချင်းတွေပေါ့၊
သူတို့နဲ့ပါပါးက မတွေ့ရတာ အရမ်းအရမ်းကို ကြာနေပြီ ဘေဘီရဲ့၊
အဲဒါကြောင့် အခုအကြာကြီးနေမှ ပြန်တွေ့ရမှာမို့ ဘေဘီက ပါပါးကို နားလည်ပေးဦးနော်"

စိတ်ရှည်လက်ရှည်ရှင်းပြတော့ နားလည်လွယ်တဲ့သားက ခေါင်းလေးတညိတ်ညိတ်နဲ့ ကိုယ့်ကိုမော့ကြည့်ရင်း နားထောင်သည်။
သားက သူ့အနားမှာ ဖခင်နှစ်ယောက်လုံး အမြဲအတူရှိနေတာကိုသာ သဘောကျတတ်ပေမဲ့ ခုလိုရှင်းပြရင်လည်း နားလည်ပေးရှာပါသည်။

ကုတင်ပေါ်မှာ စက်ရုပ်ကို ဖြုတ်လိုက်တပ်လိုက်လုပ်နေသည့် သားရဲ့ ပါးဖောင်းဖောင်းလေးတွေကို ငုံ့နမ်းတော့ ကိုယ်နဲ့တူသည့် ပါးချိုင့်ရာသေးသေးလေးပေါ်သည်အထိ သဘောတကျရယ်သည်။
သူ့ဒယ်ဒီဆို ထိုသို့ပေါ်လာတိုင်း သဘောကျလွန်းလို့ သူ့နှာတံချွန်ချွန်နဲ့ ထိုးစွရင်း နမ်းရတာအမောပါပဲ။

"ကိုကို ပြီးပြီလား"

"အွန်း အင်္ကျီလဲဖို့ပဲကျန်တော့တာ၊ခဏလေးပဲ"

"အိုခေဗျာ
ဒယ်ဒီ့အသည်းလေးက ဘာလုပ်နေတာလဲ"

"ရုပ်နဲ့ဆော့နေတာ၊ ဒယ်ဒီ ဘေဘီ့ကို ဒိုင်နိုဆောအသစ်တွေဝယ်ပေးဦး"

"အိုခေဗျာ....နောက်ရက်ကျ သွားဝယ်ကြမယ်"

ထို့နောက်တော့ သားအဖနှစ်ယောက်သား အရုပ်တွေအကြောင်းပြောရင်း လေပေးတည့်နေကြသည်မှာ အခန်းထဲ နွေရှိနေသေးသည်ကို မေ့ချင်ချင်။
၂နှစ်ကျော်လာပြီဖြစ်တဲ့သားက စကားတွေလည်းပိုများ၊မေးခွန်းတွေလည်း ပိုမေးနဲ့မို့ ဒီစံအိမ်မှာရောအဖိုးအဖွားတွေ၂အိမ်လုံးမှာပါ ဆည်းလည်းလေးဖြစ်နေရတာပင်။

Sour&SweetWhere stories live. Discover now