"လုံးလေး..."မှောင်ရိပ်ကြီးစိုးနေတဲ့ပတ်ဝန်းကျင်က
ထိခတ်ပြိုလဲသံတွေ ကြားထဲ အာရုံစိုက်ပေမယ့်
ကိုယ့်ကို ခေါ်လိုက်သူက ဘယ်ဆီမှာမှန်းမသိ..စာရေးခုံ အကျိုးအပဲ့တွေနဲ့ ကျောင်းရဲ့စတိုခန်းထဲ..
သုံးယောက်ထက်မနည်းတဲ့ အရိပ်တွေလှုပ်ရှားနေတဲ့ဆီ ပြေးကပ်လိုက်တော့ နံစောင်းကိုတိုးဝင်လာတဲ့လက်သီးချက်...
အောင့်တက်သွားပေမယ့် လက်ကိုမိမိရရ ပြန်ဖမ်းဆွဲပစ်ရင်း..ကိုယ်ကို အနည်းငယ်စောင်းကာ လက်မောင်ရင်းနားက နံရိုးစောင်းဆီ တံတောင်နဲ့ထိုးပစ်လိုက်သည်..."အား..."
ကိုင်းကျသွားတဲ့ ကျောပြင်ပေါ် လက်နှစ်ဖက်ထပ်ဆုပ်ပြီး အားကုန်ထုချပစ်လိုက်တော့ မြေပြင်ပေါ် ခွေခနဲ....
"တောက်..ဒီကောင်.."
ဆဲရေးသံတချို့နဲ့ ကိုယ့်နားနီးလာတဲ့ ခြေသံပြင်းပြင်း..
ဘာရယ်ညာရယ် မတွေးနိုင်သေး
အသံကြားရာဆီ လက်ထဲက ဖုန်းနဲ့ မှန်းပြီး
ချိန်ရွယ်လိုက်သည့် ပစ်မှတ်ဟာ နှာခေါင်းရိုးနဲ့ကွတ်တိကျသွားကြောင်း..အားခနဲ အော်ညည်းသံက သက်သေ..မှောင်ရိပ်နဲ့ အသားကျလာချိန်မှာ နီးစပ်ရာက
သစ်သားအပိုင်း တစ်ခုကို ကောက်ယူပြီး
သုံးယောက်တစ်ယောက် လုံးထွေးနေတဲ့ဆီ
ပြေးသွားလိုက်ရင်း.."ခွပ်!!!"
ခေါင်းပေါ်တည့်တည့်ကျသွားသည့်
မလွဲမသွေ ဆေးရုံရောက်လောက်စေမယ့်
ရိုက်ချက်...လောလောဆယ် ဒေါသကသာ ဦးဆောင်နေတာမို့ နောက်ဆက်တွဲတွေ ဘာမှ မတွေးဖြစ်ပဲ...တစ်ချက်ပြီး တစ်ချက်...
"ဖုန်း!!!.."
"အ"
ကော့တက်သွားတဲ့ ကျောပြင် အပေါ်ဖနောင့်နဲ့ တစ်ချက်ဆောင့်ဖိပေးလိုက်သည်။
"သေစမ်းကွာ..."
ခပ်လှမ်းလှမ်းဆီက ဒေါသစွက်နေတဲ့အသံ..
နဖူးချင်းပစ်ဆောင့်ခံလိုက်ရပုံရှိတဲ့ တစ်ယောက် ပက်ခနဲလန်ကျသွားတော့ နဖူးပေါ်က ဆံပင်တွေကို ခါထုတ်ပစ်ရင်း ထရပ်လာတဲ့ မျက်နှာမှာ ဒဏ်ရာဒဏ်ချက်တစ်ချို့ နဲ့...