နေ့လည်ခင်းဖြစ်နေတာကြောင့်
ကော်ဖီဆိုင်ထဲမှာ စားပွဲဝိုင်းအလွတ်တွေကသာများပြီး ထိုင်နေကြသူတွေက ဟိုတစ်စု ဒီတစ်စုရယ်သာ... မျက်လုံးတွေ ဆိုင်ထဲနှစ်ပတ်လောက်ဝေ့ကြည့်ပြီးချိန်မှာ သေချာသွားသည်က ဒီဆိုင်ထဲမှာ ဟွန်းရှိမနေတော့..."ထိုင်လေ အစ်ကို ..ဘာသောက်မလဲ"
အနည်းဆုံး တစ်ပတ်တစ်ခါလောက်ရောက်ဖြစ်နေတဲ့ ဆိုင်မို့ မျက်မှန်းတန်းမိနေတဲ့ waiterလေးက ခရီးဦးကြိုပြုသည်။အပြုံးတစ်ဝက်နဲ့ ခေါင်းခါပြခဲ့ရင်း ဆိုင်အပြင်ပြန်ထွက်လိုက်သည်။
.ပြန်လည်ဖြေကြားခြင်းမရှိပါ.နဲ့ပဲ အဆုံးသတ်သွားတတ်တဲ့ ဖုန်းခေါ်ဆိုမှုကို ငါးကြိမ်မြောက်ပြန်ကြိုးစားကြည့်သည့်အခါ စက်ပိတ်ထားသည့်အဆင့်သိုရောက်သွားလေသည်။
မထူးစိတ်ပိုက်ပြီး အိမ်အထိလိုက်သွားဖို့တွေးကာ လမ်းထဲကိုပဲပြန်ဝင်ခဲ့လိုက်တော့သည်။ကတောက်ကဆ ဖြစ်နေကျပေမယ့် ဒီတစ်ကြိမ်တော့ ကိုယ့်ဖက်ကလွန်ခဲ့သည့် အပြင် တစ်ပတ်လောက်မတွေ့ဖြစ်တဲ့ဟွန်းကို ခဏပဲဖြစ်ဖြစ် တွေ့ချင်မိတာကြောင့်....
မြေကွက်လပ်တစ်ခုကို လွန်ခဲ့ပြီး ငယ်ငယ်က ဘောလုံးကန်နေကျ ကစားကွင်းနားအရောက်.. မထင်မှတ်ဘဲကြည့်လိုက်မိတဲ့ သစ်ပင်ရိပ်အောက်မှာ လမ်းမဖက်ကိုကျောခိုင်းထိုင်နေတဲ့ ခပ်လျော့လျော့ပုံရိပ်..
"ဟွန်း"
ခပ်တိုးတိုးခေါ်သံကို မကြားလိုက်သည့် ဟွန်းအနားဘေးချင်းကပ်ထိုင်လိုက်တော့မှ လှည့်ကြည့်လာသည်။ မျက်ခုံးတွေအနည်းငယ်ပင့်သွားပြီးတော့မှ နှုတ်ခမ်းတို့ကိုက အနည်းငယ်တင်းသွားယောင်နဲ့ ရုန်းထဟန်ပြင်သည်။
"ဟွန်း "
"အိမ်ပြန်တော့မယ်"
ထရပ်လိုက်တော့မလိုဖြစ်နေတဲ့ဟွန်း ကို လက်မောင်းတစ်ဖက်ကနေ ပြန်ဆွဲချတော့..ရှောင်ထွက်ဖို့ ဆင်ခြေတစ်ခုကို အလွယ်တကူပြောပစ်သည်။