ဖန်ခွက်ကြည်ကြည်ထဲက Lemon Tea ကို အဓိပ္ပါယ်မဲ့ စိုက်ကြည့်နေမိသည်။သောက်ဖြစ်တော့မှာ မဟုတ်သည့် Lemon Teaဟာ ဆိုင်မှာ ခပ်ကြာကြာထိုင်ခွင့်ရစေ ဖို့် အတွက် အကြောင်းပြချက်တစ်ခုသာသာ...
ပူလောင်သည် မဆိုလောက်သော်ညား မငြိမ်းချမ်းသည့် စိတ်ခံစားမှုတို့ကြောင့် ရေခဲရေကိုသာ မကြာခဏမော့သောက်မိသည်။
လက်ရှိပြသနာဘယ်လောက်ပဲကြီးကြီး ဂျွန်က တစ်ယောက်တည်း ရင်ဆိုင်ဖို့ကိုပဲရွေးချယ်လိမ့်မည်။ သူ့ဖက်က အဆိုးအကောင်းမေးခွင့်မရလောက်အောင် တမင်တကာ အဆက်အသွယ်ဖြတ်တောက်ထားခဲ့သလားဆိုတဲ့ သံသယနဲ့အတူ သူတွေးထင်
သမျှက ပိုသေချာသယောင်ရှိလာသည်။"သူ အဆင်ပြေရဲ့လား"
ရင်ဘတ်နဲ့အပြည့် ဆန္ဒပေါင်းများစွာထက် ဒီစကားတစ်ခွန်းကိုသာ အရင်ဆုံးပြောထွက်၏။
တစ်ခွန်းမေးမှ တစ်ခွန်းသာဖြေသည့် မင်ဟိုက ခပ်လေးလေးခေါင်းညိတ်သည်။
"အင်း...ငါမြင်ရသလောက်တော့ ပြေပါတယ်"
အဆက်အသွယ်ပြတ်တောက်သွားတဲ့ နှစ်ပတ်အတွင်း ကျောင်းကိုတော့ အရင်လိုအချိန်ပြည့်မဟုတ်ရင်တောင် တစ်ခါတစ်ရံ ရောက်လာတတ်တဲ့ အကြောင်း မင်ဟိုဆီက ကြားခဲ့ရသည်။ ကျောင်းရှေ့ကနေသွားစောင့်ခဲ့သေးပေမယ့် သူစောင့်ခဲ့တဲ့ သုံးရက်လုံး ဂျွန်လုံးဝ ကျောင်းကိုရောက်မလာခဲ့...
"မင်းတို့ ပြသနာကို ဒီနေ့ မင်းပြောလို့ငါသိရတာ..ဂျွန်က တစ်ခွန်းမှ မဟခဲ့ဘူး...သူ့အိမ်က ကျောင်းသွားကျောင်းပြန်လိုက်ပို့လိုက်ကြိုနေတာကိုတော့သတိထားမိတယ်"
"....."
"သူအဆင်ပြေမှာပါ"
သက်ပြင်းခဏခဏချနေမိတဲ့ကိုယ့်ကို ကြည့်ရင်း မင်ဟို့ဆီက မရေမရာခန့်မှန်းချက်တစ်ခုထွက်လာခဲ့သည်။