✉ လုံးလေး ပြန်ရောက်ပြီလား ✉Messageတစ်စောင်ပို့ရင်း စာပြန်အလာကိုစောင့် နေမိတာ နာရီဝက်ခန့်...ဘာမှထူးခြားမလာသေးတဲ့ ဖုန်းscreenကိုကြည့်ရင်း စောင့်ဆိုင်းခြင်းကိုလက်လျော့လိုက်ရသည်။
စာမေးပွဲဖြေပြီးတဲ့နောက် နယ်မှာ တစ်ရက်ထပ်နေပြီး..နောက်တစ်နေ့ အိမ်ကိုပြန်လာခဲ့ကြရ ကတည်းက တစ်အိမ်စီပြန်ဖြစ်သွားလို့ မတွေ့ဖြစ်တဲ့အပြင် ဂျွန်က သူ့မိဘတွေနဲ့ အပန်းဖြေခရီးဆိုပြီးထွက်သွားလိုက်တာ ဒီနေ့အထိကိုပြန်ရောက် မလာခဲ့...ကိုယ့်မှာ တားချိန်တောင်မရလိုက်...ခဏလေးတွေ့ကြဖို့ ဖုန်းဆက်တော့မှ ပြန်ဖြေနေတဲ့သူက မိုင်တွေတော်တော်ဝေးဝေးရောက်နေခဲ့ပြီ။
ဒီနေ့ဆိုရင် ဂျွန်သွားတာ တစ်ပတ်ပြည့်ပြီ...မနေ့ညက ခဏလေးဖုန်းပြောဖြစ်ကြရင်း ဂျွန်ပြောသွားတဲ့စကားတွေအရ ဒီနေ့တော့ ပြန်လာလိမ့်မည်။
ဖုန်းကိုချထားပြီး ရှေ့မှာအဆင်သင့်ရှိနေတဲ့မနက်စာကို အာရုံစိုက်တော့ ပါစတာတွေက အေးစက်လို့...တူနဲ့ညှပ်ယူကာ နည်းနည်းဝါးကြည့်လိုက်တော့ လျှာပေါ်မှာ တစ်ခုခုလိုနေသလိုလို..
ခံတွင်းမတွေ့တာကြောင့် ပန်းကန်ကိုတစ်ဖက်တွန်းပို့လိုက်ပြီး နံရံကပ်စင်ပေါ်က ကော်ဖီမှုန့်ဗူးတွေဆီကိုပဲ ဦးတည်ချက်ပြောင်းလိုက်သည်။မနက်စောစော ကော်ဖီသောက်ရတာကို ပုံမှန် အတိုင်းဆိုလျှင် သူ မကြိုက်တတ်...အင်း ပုံမှန်အတိုင်းဆိုရင်လို့ပဲ ပြောရမှာပေါ့..အခုတော့ ပုံမှန်မဟုတ်တော့တာသေချာသည်။ဂျွန့်ကိုချစ်တယ်လို့ ကိုယ့်ကိုယ်ကို ဆန်းစစ် လက်ခံပြီးတဲ့နောက် ဖြူဖြူလုံးလုံးကောင်လေးဟာ သူ့ရဲ့ဘဝထဲ တော်တော်လေးကို နေရာယူလာခဲ့တာဖြစ်သည်။
အမြဲတပူးတွဲတွဲရှိနေခဲ့သမျှ ရုတ်ရက်ပျောက်သွားတော့ စိတ်ထဲတစ်မျိုး..
စိတ်နဲ့လူ ကပ်မိတဲ့အချိန်ရှားသလို ကပ်မိရင်လဲ တစ်ခုမဟုတ်တစ်ခုကို အလိုမကျဖြစ်နေတတ်သည်။အခုတောင် ကော်ဖီစက်ထဲက ထွက်လာတဲ့ ကော်ဖီကို တစ်ခုခုအပြစ်ရှာဖို့တွေးနေမိပြန်ပြီ။ မမကတော့ ကိုယ့်ပုံစံကို ကြည့်ရင်း"ရည်းစားပူမိနေတာ"လို့ ပျစ်ပျစ်နှစ်ဝေဖန်သည်။မာမီကတော့ ရယ်နေရုံအပြင်က ဘာမှ ဝင်မပြောခဲ့။