"Wow...ရှယ်ယာရှင်ကြီးပေါ့"
ကားနီလေးထွက်သွားပြီးမှ လက်ထဲမှာကိုင်လာခဲ့တာတွေ ဂျွန့်ရှေ့ထိုးပြတော့ အံ့သြနေသေးသည်။လက်မှတ်ထိုးပြီးခါစ စာရွက်တွေကို ရှေ့ဖက်ရောနောက်ဖက်ပါ သေသေချာချာလှန်လောကြည့်ရင်း ခေါင်းတညိတ်ညိတ်...
"ရှယ်ယာဈေးအတက်အကျတွေ အကြောင်းငါ နားမလည်သေးဘူး..ဒီအတိုင်း ပစ္စည်းတွေ ယူပြီးရောင်းနေကျ Electronicကုမ္ပဏီက ရှယ်ယာရောင်းဖို့ရှိတယ်ပြောတာနဲ့ ရမ်းသမ်းဝယ်လိုက်တာ"
"အဆင်ပြေမှာပါ"
"အင်း"
"အင်း"ချလိုက်ရပေမယ့် မကြာသေးခင်ကမှ အပုံလိုက်ပေးပစ်လိုက်ရတဲ့ ပိုက်ဆံတွေကိုမြင်ယောင်ရင်း "အရှုံးပေါ်ခဲ့ရင်"ဆိုတဲ့ အတွေးကြောင့် အမော ဆို့ချင်သွားသည်။
"ဘာဖြစ်လို့လဲ "
လူကြီးတွေရှေ့မှာမို့ လည်ပင်းအထိအပြည့်တပ်ထားခဲ့တဲ့ ကြယ်သီးတွေထဲက အပေါ်ဆုံးတစ်လုံးကို ဖြုတ်ပစ်ရင်း လည်ကုတ်ကိုပါ လက်နဲ့ပွတ်ပစ်လိုက်တော့ ဂျွန်ကမော့ကြည့်လာသည်။
"နည်းနည်းပူလာလို့ပါ..ဘာမှမဖြစ်ဘူး"
"မင်းကတော့ ဘာမှ မဖြစ်ပေမယ့် ..ဟိုမှာကတော့ တော်တော်ဖြစ်နေတယ် အိုဆယ်ဟွန်း"
ဂျွန့်မျက်လုံးတွေ တစ်ချက်ရွေ့သွားတဲ့နောက် လိုက်ကြည့်မိတော့ ဖြတ်ခနဲ သူခိုးလူမိအကြည့် တွေလွှဲသွားတဲ့ မိန်းကလေးတချို့..သိသိသာသာ ရော မသိမသာရော အထာတွေရောင်စုံနဲ့ တချို့...
ရှေ့ကိုပြန်လှည့်လာတော့ ဂျွန်က "ဘယ်လိုလဲ"ဆိုတဲ့ အကြည့်မျိုးနဲ့ အသင့်စောင့်နေသည်။
"ဒါတွေက ငါတစ်ယောက်တည်း ကြောင့် မဟုတ်ဘူးလေ ဂျွန်"
"ငါ့ကြောင့် ဆိုရင်တောင် ဒီလောက်ပွဲစည်မှာ မဟုတ်ဘူး ...မင်းကို ဆော်ကြည်တယ်လို့ ငါပြောတာ လွန်သလား"