Pride(7)

2K 240 13
                                    


"ဟွန်း"

အ​နား​ရောက်​လာပြီး ​ခြေလှမ်း​တွေ​တောင်​ အရှိန်​မ​သေ​သေးတဲ့ သူဆီက​နေ ​ဘေးတ​စောင်းလွယ်​လာတဲ့ ​ကျောပိုးအိတ်​ကို ​ဆောင့်​ခနဲ ဆွဲပစ်​လိုက်​​တော့ ပုခုံးတစ်​ခြမ်းပါ ​စောင်းကျလာ​သေးသည်​။

"မင်း..ညက သွားဖြစ်​​သေးလား"

မေးလာတဲ့ စကားက အရှိ​န်​​သေ ခါစ ​ဒေါသကို
ထိုးဆွလိုက်​သလို...စိတ်​​ပေါက်​​ပေါက်​နဲ့ လိုချင်​တာကိုထုတ်​ယူပြီး ဇစ်​ဖွင့်​လက်​စ ​ကျောပိုးအိတ်​ကို ရင်​ဘတ်​နဲ့ အင့်​ခနဲ​နေ​အောင်​ပစ်​ထည့်​​ပေးလိုက်​သည်​။

"ဒါ​တွေလား.."

"ဟမ်​..ဘာ"

မြှောက်​ပြလိုက်​တဲ့ လက်​ထဲက စာရွက်​ တစ်​ထပ်​ကို မျက်​လုံး​တွေ ဝိုင်း​နေ​အောင်​ လိုက်​ကြည့်​ရင်း ​ကျောပိုးအိတ်​ကို ပုံစံတကျပြန်​လွယ်​သည်​။

"ညက ငါနဲ့ Show ပွဲလိုက်​ကြည့်​​ပေးဖို့ ငြင်းပြီး...​မင်း​ရေး​နေတဲ့ Assignments က ဒါလား"

"ဟွန်း..​ပေး...ပြန်​​ပေး"

ကိုယ်​ဘာလုပ်​​တော့မယ်​ဆိုတာ သိ​နေသလိုမျိုး
ဖြတ်​ခနဲ ​ပြောင်းသွားသည့်​မျက်​နှာ​ရိပ်​...
ဆတ်​ခနဲ လှုပ်​ရှားလိုက်​သည့်​လက်​​တွေကို
ရှောင်​ရှားရင်း ​နောက်​တစ်​လှမ်းထပ်​ဆုတ်​ပစ်​လိုက်​သည်​။

"မင်းမပါရင်​ ငါမသွားဘူး လို့​ပြောရဲ့သားနဲ့
ငါ့အတွက်​ တစ်​နာရီ​လောက်​​တောင်​ အချိန်​မ​ပေးခဲ့တာ မင်းပဲ ..လုံး​လေး"

"Assignment ​တွေ အလျင်​လို​နေလို့ပါ လို့ငါ​ပြောခဲ့တယ်​​လေကွာ...​ပေးပါ...ပြန်​​ပေး"

ကိုယ့်​အနားတိုးကပ်​လာပြီး...စာရွက်​​တွေဆီ
လှမ်းလာတဲ့ လက်​​တွေထဲ ​မိမိရရ ထည့်​​ပေးလိုက်​ပြီးမှာ ကိုယ်​ဖိဆုပ်​ထားတဲ့အစွန်းတစ်​ဖက်​ကို လွှတ်​မ​ပေးဘဲ အားရှိသ​ရွေ့ပြန်​ဆွဲယူပစ်​လိုက်​သည့်​အခါ...လက်​နှစ်​ဖက်​ရဲ့ကြားမှာ
တစ်​ဖျစ်​ဖျစ်​အသံ မြည်​ရင်း ပြဲထွက်​သွားတဲ့ စာရွက်​တချို့...

"ဟာ.."

"အစက ​နေ ပြန်​​ရေးလိုက်​"

လူသွားလမ်း​ပေါ် လွင့်​စင်​ကျကုန်​တဲ့ အပိုင်းအစ​တွေကို ကြည့်​ကာ ဆံပင်​​တွေကို တစ်​ချက်​ဖွရင်း ​မော့လာတဲ့ မျက်​နှာဟာ သိသိသာသာ နီ​ဆွေး​​နေခဲ့​သော်​ညား..
ဒေါသနဲ့တုန့်​ပြန်​လာတဲ့အခါ ...စိတ်​​ပြေတဲ့အထိ ​ပေါက်​ကွဲပြဖို့ ​တွေးထားသမျှ ကို ....
ခပ်​တိုးတိုး စကားတစ်​ခွန်းနဲ့သာ ​ချေဖျက်​သွားခဲ့သည်​။

Pride of loveWhere stories live. Discover now