Pride(30)

1.3K 163 21
                                    

Sunday.....

အားလပ်​ရက်​များတွင်​ အတူတူအချိန်​ဖြုန်းကြသည်​ဆိုခြင်းက သူတို့နှစ်​​ယောက်​အတွက်​​တော့ အလွန်​အမင်းကိုရိုးရှင်းပါသည်​။ အိမ်​က​နေ အ​ကြောင်းတစ်​ခုခုပြပြီးထွက်​လာတတ်​တဲ့ ဂျွန်​နဲ့ အတူ ဆိုင်​ကယ်​တစ်​စီးနဲ့ ​​ ​​ရောက်​တတ်​ရာရာ​လျှောက်​သွားတတ်​တာမျိုး...ဆူညံသံ​တွေ​ဝေးတဲ့ မြို့ပြင်​လို​နေရာမျိုးက သစ်​ရိပ်​​​အေး​အေး တစ်​ခုမှာထိုင်​ရင်း စကား​တွေ​ပြောတတ်​ကြတာမျိုး...

အခုလက်​ရှိက​တော့ အပြင်​မှာ ​နေပူတယ်​ဆိုတဲ့ အ​ကြောင်းပြချက်​နဲ့ ဂျွန်​ကလဲ အခန်းထဲ​ရောက်​ကတည်းက ထိုင်​ရာက​နေ မထ စတမ်း ဂိမ်းနှိပ်​​နေသလို ..ကိုယ်​ကလဲ ကာတွန်းကားတစ်​ကားနဲ့ ငြိမ်​ပြီး ဆိုင်​အ​ပေါ်ထပ်​က အခန်းထဲ​အောင်း​နေလိုက်​သည်​။

ဆိုင်​က​ ​ကောင်​​လေး​တွေဆီက​နေ ကူးယူထားတဲ့ "The secret life of pets"ကိုကြည့်​​နေရင်းက အ​ကောင်​အ​သေးဆုံးနဲ့ အစွာဆုံး ယုန်​​ဖြူုဖြူတစ်​​ကောင်​ ​ပေါ်လာ​တော့ ဖြူသည်​ထက်​ပို၍ဆွတ်​သည့်​ဖက်​ပင်​လု​သော ဂျွန့်​အသားအရည်​ကို သွားပြီးသတိရမိသည်​။

ပြီး​တော့ အခု​နောက်​ပိုင်း ဂျွန်​ကလဲ လူ​ကောင်​သာပိုထွားမလာ​ပေမယ့်​ ​ဒေါသအိုးကနှစ်​ဆနီးပါးတိုးပွားပြီး ခပ်​စွာစွာ​လေးဖြစ်​လာတာမဟုတ်​လား..စိတ်​အလိုမကျလို့ ..မထိနဲ့ မကိုင်​နဲ့​တွေ ထ​အော်​တတ်​တာ လဲ ခဏခဏ..

.. အဟင်း တူလိုက်​​လေခြင်း...

တွေးလို့မှ မဆုံး​သေးခင်​ Snowball ဆိုတဲ့ အနှီယုန်​ဖြူဖြူ က အနားမှာရှိသမျှ တိရိစ္ဆာန်​​တွေကို လှည့်ပတ်​​ဆရာလုပ်​ရင်း စိတ်​တို​င်းမကျလာတဲ့ပုံနဲ့ ​ဒေါသပုန်​ထကာ
သွားနှစ်​​ချောင်း​ငေါထွက်​လာတဲ့အထိ ပြဲလန်​​နေ​အောင်​​ ​အော်​ဟစ်​လာ​တော့ ကျိတ်​ရယ်​​နေခဲ့သမျှ ထိန်းမရ​တော့​ချေ...

"ဟား.ဟား.ဟား"

"ဟွန်း!!"

"အဟင်း...ဘာလဲ"

လက်​ထဲကဖုန်းကို ပစ်​ချရင်း စိတ်​မရှည်​သည့်​အလား ​ဆောင့်​ခနဲ​ခေါ်​တော့ ရယ်​ရင်းတန်းလန်းက​နေ ပြန်​ထူး​ပေးလိုက်​သည်​။

Pride of loveWhere stories live. Discover now