အိမ်ပြန်ချိန်ကို တစ်နာရီခန့် ကျော်လွန်ခဲ့ပေမယ့်
ထိုင်နေရာကနေ မထဖြစ်သေး..
ကိုယ်ဟာ စောင့်ဆိုင်းခြင်းမှာ အသားကျခဲ့ပြီထင်၏....အနည်းငယ် ပျင်းရိသလို ခံစားရတဲ့အခါ..
မြေပြင်ပေါ် တုတ်ချောင်းငယ်နဲ့ ရေးခြစ်ရင်း
Final Exam ရောက်ဖို့ ကျန်နေသေးတဲ့ ရက်တွေနဲ့ မပြီးပြတ်သေးတဲ့ စာ တွေ ကြား Time table အကြမ်းဆွဲကြည့်နေလိုက်သည်။Revision ပြန်မှီဖို့ လိုအပ်သည်မို့လား။
"ကျွီ!!!"
ဘရိတ်ဆွဲသံနဲ့အတူ
မြင်ကွင်းထဲရောက်လာတဲ့ ဆိုင်ကယ်ဘီးတွေ..
ပိုင်ရှင်ဘယ်သူလဲ မော့ကြည့်နေစရာမလိုအောင် ဒီတက္ကသိုလ်ဝန်းထဲက တစ်စီးတည်းသော
YAMAHA MT 07...စောင့်နေတဲ့သူရောက်လာပြီမို့ ဆောင့်ကြောင့်ထိုင်နေရာက ထရပ်လိုက်တော့ အကြာကြီးခွေထားခဲ့ရတဲ့ ခြေထောက်တွေက ကျဉ်ကနဲ..
"လုံးလေး"
"ဟင်"
"ဒီညနေ မင်း Busနဲ့ ပြန်လိုက်တော့ ငါသွားစရာရှိလို့"
ထုံနေတဲ့ ခြေထောက်တွေကို အာရုံစိုက်နေရာကမော့ကြည့်လိုက်တော့ ဆိုင်ကယ်ပေါ်က ကိုယ့်အတွက်နေရာမှာ တစ်ခြားတစ်ယောက်..
ထယ်ရာ.....
ချေမိုးလွန်းတယ်ရယ်လို့ ယောက်ျားလေးတွေကြား သတင်းကြီးတဲ့ တက္ကသိုလ်ရဲ့
အလှပဂေး..
အခုများတော့ အပြုံးတွေရက်ရက်ရောရောပေးကမ်းရင်း ချစ်ရသူရဲ့ကျောပြင်ကို ဖွဖွဖက်တွယ်ထားသေးသည်။
မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်တွေကြားထဲ ကိုယ်ဟာ နာကျင်နေရုံပဲ တတ်နိုင်ပြန်သည်။"အေးလေ..သွားပါ..ငါဘာသာ ပြန်လိုက်တော့မယ်"
ကိုယ်ကအရင် ကျောခိုင်းခဲ့သည်။
သွားစရာရှိတယ်ဆိုတဲ့ အကြောင်းပြချက်ဟာ
ဒီမိန်းကလေးကို အိမ်အပြန်လိုက်ပို့ပေးဖို့လား လို့ မမေးဖြစ်ခဲ့...ပြန်ရလာမယ့် အဖြေစကားတွေက ဓားသွားတွေဖြစ်နေမှာကြောက်တာကြောင့်။ မတော်လို့များ..."ငါ့ချစ်သူကို အိမ်ပြန်လိုက်ပို့မှာမို့" လို့များဖြေလိုက်ရင်......."ဂျွန်"
Bus Stop မှာ ထိုးရပ်လာတဲ့ ခဲပုပ်ရောင်ကားလေးဆီက မှန်တံခါးလျှောခနဲပွင့်သွားတော့ မော့ကြည့်လိုက်မိသည်။