"တစ်ကိုယ်လုံးနာနေတာပဲဆိုတော့ သူလဲ အဲ့ဒီလောက်ဖြစ်သွားမှန်း သတိမထားမိတာ တီလေး... အပေါ်င်္ကျီချွတ်ပစ်လိုက်တော့မှ တွေ့တာ"အဒေါ် ဖြစ်သူကို အိပ်ခန်းထဲ ထိ နောက်ထပ်တစ်ခေါက် သွားခေါ်လာခဲ့တဲ့ လုံးလေး ရဲ့ ဆင်ခြေ..
မုသားတချို့ သုံးလိုက်ရတဲ့အတွက် မလုံလဲ သလို အောက်နှုတ်ခမ်းကို တစ်ချက်ဖိကိုက်သည်။"ချုပ်ရမှာပဲ..ဒဏ်ရာကနက်တယ်"
လက်မောင်းက ဒဏ်ရာကိုကြည့်ရင်း ပြောလာတဲ့ ဂျွန့်ရဲ့ အဒေါ်ကို ခေါင်းညိတ်ပြတော့..
အနာ ဘေးနားတစ်ဝိုက်ကို လက်နဲ့ ဖိကြည့်ပြီးမှ.."ထိုင်လိုက်"
ပြန်မသိမ်းရသေးတဲ့ ဆေးသေတ္တာလေးထဲ မွှေနှောက် ရှာဖွေကာ ...လိုအပ်တာ တချို့ကိုပါ
ဂျွန့်ကိုယူလာခိုင်းပြီးနောက် ...
ပိုးသတ်ထားတဲ့ အခင်းစပေါ်မှာ ကိရိယာ တစ်ချို့နေရာတကျဖြစ်သွားလေသည်။"အိမ်မှာ ထုံဆေးတော့ အဆင်သင့် ဆောင်ထားတာ မရှိဘူး..ဒီအတိုင်းပဲချုပ်ရလိမ့်မယ် မင်းအဆင်ပြေပါမလား"
"ဟုတ်ကဲ့..ရပါတယ် "
အနာပေါ်ဆေးကြောသန့်စင်ကတည်းက စပ်ဖျဉ်းသည့် ဝေဒနာ...
ထို့နောက် အရေပြားပေါ်ကနေ တစ်ချက်ဖောက်ဝင်လာတဲ့ စူးနစ်နာကျင်မှု..."အား"
အံကြိတ်ထားသည့်ကြားက သတိလက်လွတ် အသံတစ်ချက် ထွက်လာသည့်အခါ..မလှမ်းမကမ်းက မျက်ဝန်းဝိုင်းဝိုင်းတွေ ကိုယ့်ဆီ ရောက်လာခဲ့သည်...
နောက်ထပ် အပ်တစ်ချက်ဖောက်ဝင် လာသည့်အခါ နှုတ်ခမ်းကို တင်းတင်းကိုက်ပစ်ရင်း...
စူးစိုက်မိထားတဲ့ မျက်ဝန်းတွေ ဆီကနေလဲ အကြည့်မလွဲဖြစ်...ဖျတ်ခနဲ ရွေ့သွားတဲ့အကြည့်တွေ သွေးစွန်းနေတဲ့ ဒဏ်ရာဆီတစ်ချက်ရောက်ပြီး မျက်နှာချင်းပြန်ဆိုင်လာတဲ့အခါ ... ကိုယ်လိုချင်တဲ့ အရိပ်အယောင်တွေ ကပ်ငြိပါလာခဲ့သည်...ကိုယ်နာကျင်နေပြီဆိုတာကို အသိအမှတ်ပြုတဲ့ ဂရုဏာတစ်ချို့...