Hello Dears....
မျက်နှာမပြဝံ့စရာ စကားတွေပြောတော့မှာမို့ ကြိုပြီးတောင်းပန်ပါရစေ.....Fictionတွေ ဆက်မရေးတော့ဖို့ ဆုံးဖြတ်ထားတာ ကြာပါပြီ...ဝါသနာတစ်ခုကို ရပ်တန့်ပစ်ရလောက်တဲ့ထိ မခိုင်လုံတဲ့ "မအားလို့ပါ"ဆိုတဲ့အကြောင်းပြချက်ကိုလဲ မပေးချင်ပါဘူး...
"Consequences"ကိုရေးခဲ့တာကလဲ နောက်ဆုံးလက်ဆောင်အဖြစ်နဲ့ပါ..
Consequences Final partရေးပြီးတဲ့နေ့က စပြီး WP Deleteထားခဲ့တာပါ...
ပြီးခဲ့တဲ့ရက်ပိုင်းက Novelတစ်ခုဖတ်ဖို့ WPထဲပန်ဝင်မိရင်း Pride Of Love အောက်ကမန့်အသစ်တွေကို ဖတ်မိရာက POLကို ဒီအတိုင်းထားခဲ့လိုက်ရမှာ နှမြောတဲ့စိတ်နဲ့ ဆက်ရေးဖို့ တွေးခဲ့ပါတယ်...Plotလဲ Endingထိရှိပြီးသားပါ..
ဒါပေမယ့်...
ပြသနာက.. ဆက်မရေးတော့ဘူးလို့ လက်လျှော့ခဲ့တဲ့ နောက်ပိုင်းကတည်းက..လုံးဝ ရေးလို့မရတော့တာပဲ...လုံးဝ ကို Plotကို ပုံဖော်လို့မရတော့တာပါပဲ...မနေ့ညကတည်းက နောက်တစ်ပိုင်းရေးဖို့ တတ်နိုင်တာထက်ပိုပြီး ကြိုးစားနေခဲ့ပေမယ့် ဒီနေ့အထိ တစ်ကြောင်းနှစ်ကြောင်းကလွဲရင် ဆက်ရေးလို့မရတော့ဘူး..ဆိုတော့...စိတ်မကောင်းစွာနဲ့...Hiatus ရပါလိမ့်မယ်။
အဲ့ဒါကြောင့် ဒီက အမိုက်မကို ခွင့်လွှတ်ကြပါ...
.....Forgive Me ...Please!!!
#Mist
(Reply မပြန်ဖြစ်ခဲ့ရင် ချေတာမဟုတ်ပါဘူးနော် ..ပါးစပ်ဆယ်ပေါက်ရှိရင်တောင် ပြောစရာစကားမရှိတော့လို့ပါ)
___________________________