Pride(29)

1.2K 166 21
                                    

စာကြည့်​မျက်​မှန်​ကိုချွတ်​လိုက်​တာ​ကြောင့်​ အနည်းငယ်​မှုန်​ဝါးသွားတဲ့ မျက်​လုံး​တွေကို လက်​​ချောင်း​တွေနဲ့ဖိပွတ်​ပြီး​နောက်​ ခုံ​ပေါ်မျက်​နှာ​မှောက်​ချပြီး ခဏငြိမ်​​နေလိုက်​သည်​။

မဟာတန်း​ကျောင်းသားတစ်​​ယောက်​အ​နေအနဲ့ ​ရေးတဲ့ စာတန်းငယ်​​ မို့ သပ်​သပ်​ရပ်​ရပ်​ စည်းစနစ်​ကျကျ ပြီးဆုံး​စေဖို့ စိတ်​နစ်​ပြီး
အာရုံစိုက်​ရတာ အ ချိန်​ကြာပြီဖြစ်​တာ​ကြောင့်​ ပျင်းရိငြီး​ငွေ့လာတဲ့အပြင်​ တစ်​ကိုယ်​လုံးမအီမသာ..

စာတန်းပြုစုဖို့အတွက်​စာကြည့်​တိုက်​က​နေ လိုအပ်​တဲ့ စာအုပ်​​တွေသယ်​ချလာပြီး အခန်း​အောင်း​နေလိုက်​တာ ​သောကြာ​နေညက​နေ စ​နေ​နေ့ည​နေ​စောင်းတဲ့အထိ..

လကုန်​ရက်​မို့ ပစ္စည်းအဝင်​အထွက်​စာရင်း ​ငွေ ရင်း​တွေ လုပ်​​နေတဲ့ ဟွန်းကိုလဲ အ​နှောက်​အယှက်​မ​ပေးချင်​တာ​ကြောင့်​ တစ်​ခါတစ်​​လေ messageပို့ထား​ပေးရုံ ကလွဲပြီး ဖုန်းလဲမဆက်​ဖြစ်​...

တနလာင်္​နေ့အမှီ လက်​စသတ်​ရမယ့်​ စာတမ်းငယ်​အတွက်​..စာအုပ်​​တွေထဲမှာပဲ စိတ်​နှစ်​ထားခဲ့လိုက်​သည်​။

အခု​တော့ တွန်းတွန်း​တိုက်​တိုက်​လုပ်​ရင်း ​တွေးထားတာထက်​ ​စော​စောပြီးသွားခဲ့ပြီမို့ စိတ်​​အေးလက်​​အေး ဖြစ်​သွားခဲ့သည်​။ ပြတင်း​ပေါက်​က တိုးဝင်​လာ​တဲ့ ​လေ​အေး​အေးကိုခံစားရင်း ​ခေါင်း​မှောက်​ထားရာက​နေ ပြန်​မထဖြစ်​​သေးဘဲ တစ်​ချက်​​လောက်​​မှေးခနဲဖြစ်​သွား​သေးသည်​။

နဖူးပြင်​တစ်​ဝိုက်​ ဖြည်းဖြည်းချင်းရှပ်​တိုက်​​နေတဲ့ ​လေ​တချို့ ​အေးစက်​​နေတာမျိုးမဟုတ်​ဘဲ အ​နွေးဓာတ်​တချို့နဲ့ ညင်​ညင်​သာသာ​လေး..

ပါးပြင်​​တွေ​ပေါ် လာထိသွားတတ်​​သေးသည်​။

တဖြည်းဖြည်းချင်း အိပ်​​မောကျလုလုမှာ..
နားသပ်​စပ်​နားဆီ ​လေပြင်းပြင်းတချက်​တိုးသွား​တော့ မှ အသိစိတ်​တချို့ ကိုယ်​မှာပြန်​ကပ်​သည်​။

Pride of loveWhere stories live. Discover now