"ခွမ်း!!!"
"ဟာ.."
"ဟွန်း ဘာလုပ်တာလဲ"
Bat Man အရုပ်ကလေးက
ကြမ်းပြင်ပေါ်ရိုက်ချိုး ခံလိုက်ရတဲ့ ဒဏ်ကြောင့်
မြင်မကောင်းလောက်အောင် တစ်စစီ..."ငါ့အရုပ်လေး ပျက်သွားပြီ"
သုံးယောက်မျက်နှာချင်းဆိုင်ရပ်နေရာက
ကြမ်းပြင်ပေါ် ထိုင်ချပစ်လိုက်တဲ့ မင်ဂျောင်း မျက်လုံးတွေက အရုပ်လေးကို နှမြောတသကိုယ့်လက်ထဲ ဖမ်းဆုပ်ထားတဲ့ လက်သေးသေးတစ်ဖက်က ကြမ်းပြင်ပေါ်က အပိုင်းအစ တွေကို အား တုန့်အားနာ ကောက်ယူသိမ်းဆည်းပေးလိုဟန်နဲ့
ရုန်းကန်လာတော့ ပိုပြီး အားထည့်ကာ တင်းတင်းဆုပ်ပစ်လိုက်သည်။"ငြိမ်ငြိမ်နေစမ်း...ဂျွန်"
"မင်းလုပ်လိုက်တာ ကိုကြည့်အုံး ဟွန်း"
ငိုတော့မလို ဖြစ်နေတဲ့ မင်ဂျောင်းကို ကြည့်ရင်း
ဂျွန် မျက်ဆံလေးတွေ လှုပ်လှုပ်ရှားရှားဖြစ်နေသည်။လူကြီးတွေကို ပြန်တိုင်မှာ စိုးရိမ်နေသည့် ဂျွန်။"မင်ဂျောင်း"
မော့ကြည့်လာတဲ့ မျက်ဝန်းတွေက ပေစောင်းစောင်း....
"ငါ့ကစားဖော်ကို ငါမသိလိုက်ခင် မင်းခေါ်သွားတာ သုံးနာရီ...အဲ့ဒီအတွက် မင်းရဲ့ ကစားဖော်ကို
ငါဖျက်ဆီးပေးခဲ့တယ်..သုံးရက်..သုံးရက်လောက် အဲ့ဒီ အရုပ်မရှိဘဲ နေလိုက် မင်ဂျောင်း..သုံးရက်ပြီးတာနဲ့ ငါအလျော်ပြန်ပေးမယ်..""ဘာ.."
မူလတန်း ကလေးတစ်ယောက်ရဲ့ အသိဥာဏ်ဟာ
သေးသေးလေး ဖြစ်ပေမယ့်..တစ်ယူသန်ခပ်ရိုင်းရိုင်းမာနတွေကတော့ ဖွားဖက်တော် မို့လို့ပဲလား အသက်နဲ့အလိုက် ကြီးထွားနေခဲ့သည်။"ပြီးတော့ ဒီကိစ္စ လူကြီးတွေ သိအောင်လုပ်ဖို့
မင်းတွေးလိုက်တယ်ဆိုရင်တော့..မနက်ဖြန် အတန်းထဲရောက်ရင် မင်းအိမ်စာ စာအုပ်တွေ အကောင်းအတိုင်းရှိနေဖို့ ငါတာဝန်မယူနိုင်ဘူး"ကျောင်းပိတ်ရက် ညနေပိုင်း ရပ်ကွက်ထဲက ကစားကွင်းမှာ ဘောလုံးကန်ဖို့ ချိန်းထားတဲ့လူတွေထဲ..ပါမလာ ခဲ့တဲ့ ဂျွန်..
လူစားထိုးလို့ရပေမယ့် ကိုယ့်အသင်းထဲ ဂျွန်ပါမှ ကစားမယ်ဆိုတဲ့ ခေါင်းမာမှုကြောင့် ကစားပွဲလဲ ပျက်ခဲ့ရသည်။