ချစ်တယ်....ချစ်တယ် ဆိုတဲ့ စကား တစ်ခွန်းမှာတင် အတိုင်းအဆမဲ့ ရင်ခုန်မိသည်။
ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းမှာတင် မာနတွေ တဒင်္ဂပြိုလဲခဲ့သည်။
ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းမှာတင် သိက္ခာတရားတို့ ယိုင်နဲ့သည်။
ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းမှာတင် မျက်ရည်တို့က သစ္စာမဲ့ကြသည်။
အစိုးမရခြင်းတွေ ထဲမှာ အချစ်နဲ့ နှလုံးသားဟာ ထိပ်ဆုံးကပါလိမ့်မည်ထင်မိ၏။
ဒါမှမဟုတ် ကိုယ်က ပျော့ညံ့လွန်းနေခဲ့တာလား။
အိပ်ရာထဲ လူးလှိမ့်ရင်း..
အတွေးပေါင်းစုံနဲ့ လုံးထွေးနေခဲ့တဲ့ ညတာဟာ ရှည်လွန်းမက ရှည်နေခဲ့သည်။************
မျက်ခွံတွေဖွင့်လိုက်ရုံနဲ့ စူးနေတဲ့အလင်းရောင်ကို ရင်ဆိုင်လိုက်ရသည်။
ပြတင်းပေါက်မှန်ကနေ တဆင့် မျက်နှာပေါ် ဖြာကျနေတဲ့ နေရောင်ကို လက်နဲ့ကွယ်လိုက်ရင်း
မျက်နှာကို တစ်ဖက်လွှဲလိုက်သည်။မိုးလင်းလုလု မှ မှေးခနဲအိပ်ပျော်ခဲ့တာကြောင့်
အိပ်ရာထချိန်ဟာ ပုံမှန်ထက် နောက်ကျနေခဲ့ပြီ။"နိုးပြီလား"
အမွှေးပွ တဘက် နဲ့ မျက်နှာကို သုတ်ရင်း ရေချိုးခန်းထဲက ထွက်လာသူ ဆီက စကား..
မျက်လုံးတွေ သေချာဖွင့်ရင်း မျက်နှာချင်းဆိုင်လိုက်တော့ ညက အကြောင်းအရာ တချို့အတွေးထဲပြန်ပေါ်လာသည်။
ကိုယ့်ကိုပြုံးပြနေသူကတော့ ဘာမှ မဖြစ်ခဲ့သည့်အလား....
တစ်ခါတစ်လေ မေ့ပစ်သင့်တာတွေကို
မေ့ထားခဲ့ပြီး ပေါ့ပေါ့ပါးပါး ဖြတ်သန်းရဖို့ဖြစ်လာတဲ့အခါ.. ဦးနှောက်ဟာ စိတ်ပျက်စရာကောင်းလောက်အောင် ကို အမှတ်ကြီးလွန်းနေတတ်ပြန်သည်။
KAMU SEDANG MEMBACA
Pride of love
Fiksi Penggemarငါ့နှလုံးသားက ဦးနှောက်ထက်နည်းနည်းပိုကြီးနေခဲ့ရုံလေးပဲ...