တစ်ခေါ်စာလောက် အကွာအဝေး က သူဆီ ခြေလှမ်း ကျဲကျဲ နဲ့ လျှောက်သွားလိုက်ရင်း
ဘေးချင်းယှဉ်လျက်အနေအထားရောက်ဖို့အရေး အပြေးတပိုင်း လိုဖြစ်နေတာတောင် ...
ရှေ့က ခြေတံသေးသေးတွေရဲ့ အရှိန်ကို
မမှီနိုင်သေး"လုံးလေး"
"ရပ်စမ်း!!"
ရုတ်တရက်စူးနဲထွက်လာတဲ့ အသံကြောင့်
ဂျွန့်လက်တစ်ဖက်ကို လှမ်းဆွဲလိုက်တဲ့ ကိုယ့်လက်က လိုရင်းကိုမရောက်သေးခင် လေထဲတင်ရပ်သွားသည်။"မကိုင်နဲ့..မင်းပြော ချင်တာကို..ဒီအတိုင်းပြော.."
ဆက်ပြောရမယ့် စကားလုံးတွေတောင် နင်သွားသည်...
တစ်နေ့ထက်တစ်နေ့ ဂျွန်ဟာ ပိုပိုပြီး စွာလာလိုက်တာ.. လူစားထိုးခံလိုက်ရသလို..အရင်တုန်းကနဲ့ ဘာမှ မဆိုင်.."အတန်းရှေ့ထိ လိုက်ပို့ပေးမယ်"
"အေး...ရတယ် လိုက်ခဲ့ ..မထိမကိုင်ဘဲ အေး အေးဆေးဆေး လိုက်ခဲ့ "
Warning ပေးသလို အကြည့်မျိုးနဲ့ တစ်ကိုယ်လုံးကို သိမ်းကျုံးကြည့်လိုက်ပြီးမှ ပုံမှန်အတိုင်းဆက်လျှောက်သွားတဲ့နောက် လိုက်မြဲတိုင်းလိုက်ခဲ့ရင်း....
"လုံးလေး ရာ... ချစ်သူချင်းကို လက်ကိုင်တာလောက်တော့.."
အရှိန်နဲ့လှမ်းနေတဲ့ ခြေလှမ်းတွေတုန့်ခနဲရပ်သွား ပြီး ကိုယ့်ဖက်လှည့်ကြည့်လာတဲ့ မျက်နှာက တည်တည်ရယ်...
"ခဏခဏ ပြောမနေနဲ့ ..အဲ့ဒီ့ ချစ်သူဆိုတာ မင်းဘာသာ အတင်းဆွဲပြီး ဆွေမျိုးစပ်ထားတာ.. ငါဖက်က မင်းကို လက်ခံပါတယ်လို့ပြောမိလား"
"မပြောလဲ ခံစားလို့ရတယ်လေ..အခုလို ရန်စကားတွေချည်းပဲ ပြောနေရင်တောင်မှ
မင်းငါ့ကိုချစ်နေသေး မှန်းငါသိတယ်.."ပုခုံးပေါ်က အိတ်ကို ဆွဲဖြုတ်ယူရင်းပြောလိုက်တဲ့စကားကြောင့် ...
စာသင်ဆောင်တွေဖက် အကြည့်တွေလွှဲသွားတဲ့မျက်နှာလေးမှာ တင်းမာခြင်းတချို့ ပျောက်ကွယ်သွားလေသည်။