Pride(3)

2.2K 263 20
                                    

"ကျေးဇူး လုံးလေး"

မူမမှန်ဘူးလို့ ခံစားရတဲ့အခြေအနေ ကို စကားတစ်ခွန်းနဲ့ အကဲစမ်းကြည့်လိုက်သည်။

ငြိမ်နေဆိုတဲ့အတိုင်းငြိမ်နေပေးတဲ့ ကိုယ့်ဘေးက လူသား...တစ်လတိတိ တွဲခဲ့တဲ့ မိန်းကလေးနဲ့
ဇယားရှင်းလို့ပြီးတဲ့အထိ မက နောက်ထပ်
နာရီ ဝက်လောက်ထိ တိတ်ဆိတ်နေခဲ့သည်။
ကန်တင်းကနေ နေ့လည်စာ အတွက် နှစ်ယောက်စာ သယ်လာပေးပြီး ရှေ့အရောက်ချထားပေးတာ လုပ်နေကျအတိုင်း...
ငါးအရိုးနွှင်ပေးနေပေမယ့် ..အခါတိုင်းလို
သတိထားစားဖို့ တတွတ်တွတ်ပြောနေတဲ့ စကားသံတွေမပါဝင်။
စကားများတယ်ရယ်လို့တော့ မဟုတ်ပေမယ့်
အနေအေးလွန်းတဲ့ အထဲမှာ မပါတဲ့ သူက
လိုအပ်တာထက်ပိုပြီး တိတ်ဆိတ်နေတာကို
မှုမမှန်ဘူးလို့ပဲ တစ်ထစ်ချတွက်လိုက်သည်။

"စိတ်ဆိုးသွားတာလား.. "

အမှတ်မထင်ဆုံလာတဲ့ မိန်းကလေးနဲ့ နောက်ထပ် မပတ်သက်ရဖို့အရေးမှာ..
ရုတ်တရက်ပေါ်လာတဲ့ အတွေးနဲ့ နေ့လည်စာစားဖို့ အတူရှိနေတဲ့သူကို မပြောမဆို ဆွဲထည့်လိုက်မိတာ ကိုယ့်ဖက်က အမှားလို့တော့ ဝန်ခံပါသည်။

"ခဏ ခဏ မမေးနဲ့ ဟွန်း..ငါမင်းကို အခုရော နောက်ရော စိတ်မဆိုးဘူး ထပ်မမေးနဲ့"

စိတ်မဆိုးဘူး လို့ပြော နေပေမယ့် စကားသံတွေက တိုတိုတိတိ အေးစက်စက်...
ဒီကောင်ဟာ အခုနောက်ပိုင်း တော်တော်လေးကို မူမမှန်လာတော့တာ..စိတ်ဆတ်နေတာလား..စိတ်ခံစား လွယ်နေတာလား..

"နောက်ထပ် မလုပ်တော့နဲ့"

အဆက်အစပ်မရှိ ပြောလာတဲ့ စကားမို့ မျက်ခုံးတွေကျုံ့ ရင်းစိုက်ကြည့်ပေးလိုက်သည်။

"ဘာကိုလဲ"

"ခုနတုန်းက ကောင်မလေးကို ဖြတ်ပစ်ခဲ့သလိုမျိုး..မင်းစိတ်သာယာဖို့ ခဏတွဲပြီး မလိုအပ်တဲ့အချိန်ပစ်ချခဲ့တာမျိုးထပ်မလုပ်နဲ့"

လက်ထဲက ဇွန်းရှည်ကို စိတ်မရှည်လွန်းစွာ ပစ်ချလိုက်မိသည်။နောက်ဆုံးတော့လဲ အပြစ်တင်တာတွေ ဆရာလုပ်တာတွေက ထုံးစံအတိုင်း
ပါလာတာပဲ...

"မင်းဘယ်ခေတ်မှာ လူလာဖြစ်နေတယ် ဆိုတာရော သိရဲ့လား"

ရည်းစားဖြတ်တဲ့ ကိစ္စ ကို ရေးကြီးခွင်ကျယ်လုပ်နေတဲ့ သူကို.. အစောပိုင်းတုန်းက အားနာနေမိတဲ့ စိတ်တွေပျောက်ခြင်းမလှ ပျောက်ကုန်သည်။ဒီခေတ်ကာလ ချစ်သူအဖြစ်မဟုတ်ဘဲနဲ့တောင် တွဲနေကြတာတွေ လက်ညှိုးထိုးမလွဲ..
တစ်ယောက်နဲ့တစ်ယောက် ပျော်ရွှင်မှုပေးနိုင်ဖို့ တွဲကြတယ် ။သဘောထားမတိုက်ဆိုင်တဲ့ တစ်နေ့ ကျောခိုင်းကြရုံ။

Pride of loveWhere stories live. Discover now