Pride(2)

2.5K 273 26
                                    


"တောက်!!ကွာ.."

ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ ဖုန်းခေါ် ဆိုမှုမှာ အဝင်တောင်လက်မခံဘဲ လူကြီးမင်းနဲ့သာ တိုးနေတော့ စိတ်ကတိုချင်ချင် ဖြစ်လာသည်။
အဆက်အသွယ် ဖြတ်ထားသတဲ့လား...ကလေးဆန်လိုက်တာ။

"ပြန်ထိုင်စမ်း အငယ်"

ဖုန်းကို ပိတ်ပစ်ရင်း
စိတ်လိုက်မာန်ပါ ထရပ်လိုက်တော့ အပေါ်ထပ်ကဆင်းလာတဲ့ မမ အသံက စူးခနဲ...

"ဘာဖြစ်နေတာလဲ မမရာ... စိတ်လေရတဲ့ အထဲ"

"ငါဖြစ်နေတာ မဟုတ်ဘူး..နင်ဖြစ်နေတာ..
ပြသနာတစ်ခုရှင်းပြီးတာမှ နှစ်ဆယ့်လေးနာရီ မပြည့်သေးခင် ဘာထပ်လုပ်အုံးမလို့လဲ"

"လုံးလေး ဆီသွားမလို့"

ထွေထွေထူးထူး ဘာမှ ရှင်းပြမနေတော့ဘဲ
ဆိုင်ကယ်သော့ကို ယူပြီး ထ ထွက်လာခဲ့လိုက်သည်...

"ဂျွန့်ကို ထပ်ပြီး နင့်ပြသနာတွေထဲ ဆွဲမထည့်နဲ့ အငယ်"

နောက်နားက နေ ခပ်ကျယ်ကျယ်လှမ်းအော် လိက်ြတဲ့ မမ စကားသံ ကြောင့်.. မဲ့ပစ်လိုက်မိသည်...မနေ့က ဟိုဖက်အိမ်ကပြန်လာကတည်းက
"နင့်ကြောင့် ဂျွန်အဆူခံ နေရတယ်"ဆိုတဲ့စကား
က မကြာခဏ ကြားနေရသည်။
ကိုယ့်မောင် အရင်းထက်ပဲ ပိုပြီး စိုးရိမ်ပေးနေရတယ်လို့...အပိုတွေ...

"ငါဆွဲထည့်တာ မဟုတ်ဘူး..သူကိုယ်တိုင်
လိုလိုလားလားနဲ့ ဝင်စွက်ဖက်တာ"

ဒီအရွယ်ယောကျာ်းလေးတစ်ယောက် ရန်ဖြစ်တာ ဆန်းလို့လား..

ဘာတွေပဲ ဖြစ်လာ ဖြစ်လာ ပိုက်ဆံနဲ့ပစ်ပေါက်လိုက်တာနဲ့ မပြေလည်တဲ့ ပြသနာဘာရှိသေးလဲ...

တစ်ဇွတ်ထိုး စိတ်နဲ့ မထီမဲ့မြင်ပြု တတ်ခြင်းဟာ မာမီ့ ဆီက အမွေ...
နောက်တစ်ယောက်ဆီ ခြေလှမ်းစခဲ့တဲ့ ခင်ပွန်းဖြစ်သူကို မျက်ရည်ခံထိုးမဲ့အစား ကိုယ်တိုင်က စတင်ပြတ်စဲ ပြခဲ့သည့် မာမီ...ကလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ရင်း လူ့အသိုင်းအဝိုင်းထဲ
မိန်းမသားတစ်ယောက်တည်းရပ်တည်ရချိန် လောကဒဏ်ကြောင့်
တစ်စထက်တစ်စပိုပြီး ထုထည်ကြီးမားလာခဲ့တဲ့ မာမီရဲ့မာန...

Pride of loveWhere stories live. Discover now