"ဟား...ဟား..ဟား...""....."
"မဟုတ်တာတွေ ဂျွန်ရာ"
ဆံပင် ပွယောင်းယောင်း၊မျက်လုံးအဝိုင်းသားနဲ့ ပြူးတူးပြဲတဲ အတင်းမေးနေတဲ့ လုံးလေးကိုကြည့်ပြီး အော်ရယ်ပစ်လိုက်မိသည်။ အိပ်ရာသပ်သပ်ခင်းမနေတော့ဘဲ သူ့စောင်အောက်ဝင်တိုးအိပ်မိတဲ့ ကိုယ့်ဘဝ ကြီးဟာ သူတွေးပစ်လိုက်မှ ဖြစ်ချင်တိုင်းကိုဖြစ်လို့..
"ဟား..ဟား...ငါ့နှယ်"
"တော်တော့ အိုဆယ်ဟွန်း"
စောင်စကို ဆောင့်ခနဲဆွဲဖယ်ရင်း အတင်းထကာ ရေချိုးခန်းထဲဝင်သွားပုံအရ သူ့စကားမှား မေးမိတာ သိသွားပုံရသည်။အစကတည်းက မျက်နှာက ခပ်ရဲရဲပဲမို့ ရှက်သွားတာလားလို့တော့ အကဲမခတ်တတ်...
ရေချိုးခန်းထဲ မရှေးမနှောင်းလိုက်ဝင်သွားတော့ သွားတိုက်တံကို ပါးစပ်ထဲထိုးထည့် ပြီးတိုက်နေရင်းက မှန်ထဲကနေ တစ်ဆင့် တစ်ချက်ကြည့်သည်။
"ငါ့ကို တာဝန်ယူမှာလား လုံးလေး"
"တော်တော့လို့ပြောနေတယ်"
သွားတိုက်ဆေးဗူးကိုလှမ်းယူရင်း ပုခုံးချင်းတစ်ချက်တိုက်ပစ်ကာ မေးတော့ ပါးစပ်ထဲငုံထားသမျှရေတွေ ထွေးထုတ်ပစ်လိုက်ပြီး ချက်ချင်းပြန်အော်သည်။
"ဘာမှ မဟုတ်ဘူး ဆိုရင်လဲ ပြီးပြီပေါ့ ..မင်းကဘာတွေလာဖြစ်နေတာလဲ"
"မဟုတ်ပါဘူး....မတော်လို့ မင်းမေးခဲ့သလို ငါတို့နှစ်ယောက် ညတုန်းက တစ်ခုခုဆိုရင်..မင်းဘယ်လို လုပ်မှာလဲသိချင်သွားလို့..အဟင်း"
မိနစ်အနည်းငယ်ကြာတဲ့ အထိမျက်နှာပေါ်ရေတွေလက်ခုပ်နဲ့အပြည့်ယူကာ ဆေးကြောပြီးမှ ရေတွေကို လက်နဲ့သပ်ချပစ်ကာ ပြန်မော့လာတဲ့ မျက်နှာဖောင်းဖောင်း မှာ တင်းမာမှုတချို့...
"ချစ်လို့စတာ..."
ပြေရာပြေကြောင်း ပြောလိုက်မှ ဖောင်းဖောင်းအစ်အစ် မျက်လုံးတွေက ကြည့်လာတာ စူးခနဲ။
မှားပြန်ပြီ ဆိုတဲ့အသိဟာ ခြေတစ်လှမ်းနောက်ကျသည်။
KAMU SEDANG MEMBACA
Pride of love
Fiksi Penggemarငါ့နှလုံးသားက ဦးနှောက်ထက်နည်းနည်းပိုကြီးနေခဲ့ရုံလေးပဲ...