Pride(10)

1.9K 236 26
                                    

အိမ်​တံခါးကို အတတ်နိုင်ဆုံး
အသံမမြည်​အောင်​ဖွင့်​ပြီး....အိမ်​​ရှေ့ ​လှေကားထစ်​​တွေ ဆီ ဆင်းခဲ့လိုက်​သည်​။

ညသန်း​ခေါင်​အချိန်​ မို့ ​ကောင်းကင်​မှာ ကြယ်​​လေး​တွေ ပြည့်​ပြည့်​သိပ်​သိပ်​....ပုရစ်​ ​အော်​သံ​သေး​သေး​တွေ တစ်​ချက်​ချက်​ စူးစူးဝါးဝါး...

အေးစိမ့်​​စိမ့်​ည​လေပြည်​ ကို မှိတ်​လုံး​တွေ​မှေးမှိတ်​ကာ
ခံစားကြည့်​​နေလိုက်​သည်​။
တစ်​​နေ့လုံး စိုက်​ခင်းထဲမှာ ပင်​ပန်းထားခဲ့လို့
ခန္ဓာကိုယ်​က ​ညောင်းညာ​နေ​ပေမယ့်
အ​တွေး​တွေများပြီး အိမ်​မ​ပျော်​....

*​တောင်းပန်​ပါတယ်​*တဲ့

ဟွန်း ဆီက ​တောင်းပန်​လာဖို့ တစ်​ ကြိမ်​တစ်​ခါ ​တောင်​ မ​မျှော်​လင့်​ခဲ့ဖူး...အပြစ်​လုပ်​ခဲ့မိတယ်​ဆိုတဲ့ စိတ်​မျိုး ရိုက်​သွင်း​ပေးခဲ့ဖို့လဲ မရည်​ရွယ်​ခဲ့...

ဒီအတိုင်း​လေးပဲ ​..ကိုယ်ဟာ မရှိမဖြစ်လိုအပ်ချက်တစ်ခု မဟုတ်တဲ့အတွက်..
ဟွန်းရဲ့ ​နေ့စဉ်​လှုပ်​ရှားမှု​​တွေ ကိုယ်​မရှိလဲ ပုံမှန်​လည်​ပတ်​​နေမှာပဲမို့....
ကိုယ့်​အတွက်​လမ်းကို ကိုယ်​​ရွေးခဲ့ခြင်းသာ..

တစ်​လ ​ကျော်​​ကျော်​ ​နေသားကျ​နေခဲ့တဲ့ နှလုံးသားဟာ...ဖုန်းcall ​လေး တစ်​ခုနဲ့တင်​ ဖျားနာချင်​သလိုလို ဖြစ်​သွားခဲ့​သေးသည်​....
နောက်​​တော့ ​နေသားကျသွားမှာပါလို့ ​တွေးလိုက်​​ပေမယ့်​ ...လက်​ရှိမှာ​တော့ အိပ်​ပျက်​ညတစ်​ည ထပ်​တိုးသွားပြန်​ပြီ....

မင်​ဟိုနဲ့ ဖုန်း​ပြောဖြစ်​ခဲ့စဉ်​က ​ကျောင်း​ပြောင်းမယ့်​အ​ကြောင်း​တွေပါလာ​တော့ မင်ဟိုေ​မးခဲ့တဲ့စကား..
"မင်း ​နေနိုင်​တာ ​သေချာပြီလား"တဲ့...
အဓိပ္ပါယ်​ နှစ်​ခွနဲ့ ​မေးခွန်းအတွက်​...
ကိုယ့်​ဖက်​က အ​ဖြေဟာ ​ခေါင်းညိတ်​မှု တစ်​ခုတည်း....

အဲ့ဒီ​မေးခွန်းဟာ...

မချစ်​ဘဲ နဲ့ ​နေနိုင်​ပြီလားလို့ ​မေးတာဆိုရင်​​တော့...
အမှန်​အတိုင်းဝန်​ခံရရင်​...မချစ်​ဘဲ​ ​နေနိုင်​တာမဟုတ်​ဘဲ...ချစ်​​နေလျက်​နဲ့ကို ​နေတတ်​သွားတာလို့ ​ဖြေရလိမ့်​မည်​....

Pride of loveWhere stories live. Discover now