"ရှင်းအယ်ရော"စားပွဲပေါ်လက်ထောက်ရင်း အလောတကြီးမေးလာတဲ့ ဂျီဆိုးက အမောဖောက်တော့မယ့် အနေအထားနဲ့.... ပုခုံးတစ်ဖက်က လျှော့ကျနေတဲ့
Jacket ကို ဆွဲတင်ရင်း ခုံမှာဝင်ထိုင်သည် အထိ
ဟောဟဲဆိုက် နေဆဲ..."ပြန်သွားပြီ"
"ဘာပြောသွားသေးလဲ ဂျွန်"
"ငါ့ ကို ရည်းစားစကားပြောသွားတယ်"
"ဟမ်...ဘာပြောတာ သူက"
နားကြားမှားတယ်ထင်ပြီး နောက်တစ်ခေါက်ပြန်မေးနေတဲ့ ဂျီဆိုးကို မျက်နှာသေနဲ့ပြန်ကြည့်နေလိုက်မိသည်။
"ကြားတဲ့အတိုင်းပဲ...ငါအတန်းထဲပြန်သွားနှင့်မယ် မင်းရှေ့မှာ ကြာကြာဆက်နေရင်..ငါ မင်း
နားသယ်မွှေးတွေ ဆွဲနှုတ်မိတော့မယ်"အကန်တွေချည်း ပြောပစ်လိုက်တဲ့ ကိုယ့်ကို ဂျီဆိုးက နားမလည်နိုင်တဲ့ မျက်နှာထားမျိုးနဲ့ ကြည့်ရင်း ဘေးနားမှာ ထိုင်နေတဲ့ သူဆီကိုလဲ တစ်ချက်ကြည့်သေးသည်။
"ငါသွားနှင့်မယ် .."
ထိုင်လျက် ကျန်ခဲ့တဲ့ နှစ်ယောက်လုံးဆီ ရည်ရွယ်ကာ ပြောလိုက်ရင်း
ထိုင်ခုံ လက်တန်းမှာ ချိတ်ထားတဲ့ ကျောပိုးအိတ်ကိုဖြုတ်ကာ ကန်တင်းထဲက ထွက်ခဲ့လိုက်သည်။"လိုက်ပို့ပေးမယ်"
မြေကြီးနဲ့ ထိလုနီးပါး တရွတ်တိုက်ဆွဲလာတဲ့ ကျောပိုးအိတ်ကို ဆွဲယူခံလိုက်ရတော့မှ နောက်ကနေ သူပါလာခဲ့တာကို သတိထားမိသည်။
"မပို့နဲ့ .."
လွှတ်မပေးဘဲ ကြိုးတစ်ဖက်ကို ဆွဲထားလိုက်တာကြောင့် အိတ်က လက်နှစ်ဖက်ကြားမှာ ကန့်လန့်..
"လွှတ်ပေး ဟွန်း... အထူးအဆန်းတွေလုပ်မနေဘဲ ကိုယ့်အတန်းကိုယ်ပြန်.."
တစ်ဖက်က ကြိုးစကို လွှတ်မပေးသေးတာကြောင့် မော့ကြည့်လိုက်တော့ ကိုယ့်ဆီမှာရှိနေခဲ့ပုံရတဲ့ မျက်ဝန်းတွေနဲ့ တိုးသည်။