ကျောင်းတက်ရက်သတ္တပတ် တစ်ခုရဲ့ အစ..တနင်္လာ မနက်ခင်းဟာ.. နေခြည်နုနု..
ရွက်နုတစ်ချို့နဲ့ ပျိုမြစ်နုနယ် လျက်...အရောင်အသွေးစုံ ကျောင်းသူကျောင်းသား တို့ရဲ့ သွက်လက်သော ခြေလှမ်း...လွတ်လပ် ပျော်ရွှင်ခြင်း တွေနဲ့ တက္ကသိုလ်ဝန်းဟာ သက်ဝင်လှုပ်ရှားနေခဲ့သည်။
နှစ်ရက်တာ ပိတ်ရက် ကြောင့် ဝေးကွာခြင်းမှာ မြိုသိပ်ထားခဲ့ပုံရသည့် စကားတွေကို ရယ်ကာမောကာ ပြောဆိုရင်း စုံတွဲ တစ်ချို့က ပူးပူးကပ်ကပ်..
ကျောင်းဝန်းအသစ်မှာ ခြေချဖြစ်ခဲ့တာ ဒီနေ့ဆိုရင် နှစ်ပတ်မြောက်...
ကျောင်းဝန်းထဲမှာမို့
စကူတာလေးကို အရှိန်လျှော့မောင်းရင်း ဆိုင်ကယ်တွေထားဖို့ သတ်မှတ်ပေးထားတဲ့ နေရာဆီသို့..."ဟေးး...ဂျွန်မြောင် "
ထင်းရှူးပင် တန်းတွေ အလွန် စာသင်ဆောင်ထိပ်နားက နေ အကျယ်ကြီး လှမ်းအော်လိုက်တဲ့ ခေါ်သံဆီ....လက်တစ်ဖက်သာလှမ်းပြီးဝေ့ရမ်းပြဖြစ်သည်။
ကျောပိုးအိတ်ကို ပုခုံးတစ်ခြမ်းစောင်းလွယ်ပြီး
မြန်မြန်လာခဲ့ဖို့ ခြေဟန်လက်ဟန်ပြနေတဲ့ဂျီဆိုး....
ကျောင်းစတက်တဲ့ နေ့ကတည်းက ကိုယ်နေရမယ့် စာသင်ဆောင်ရှာရင်း ဆုံခဲ့ကြပြီး..
တိုက်တိုက်ဆိုင်ဆိုင်
ဘဝ တူ ကျောင်းသားအသစ်ချင်း ခုံနံပါတ် အစဉ်လိုက်မို့
ကပ်လျက်သား အတူတူ ထိုင်ရသည့်အခါ...
နှစ်ဦးသားက နာရီပိုင်းအတွင်း တိုင်ပင်ဖော်တိုင်ပင်ဖက် ဖြစ်သွားခဲ့သည်။ပွင့်လင်းပြီး ပျော်ပျော် နေတတ်တဲ့ ဂျီဆိုးဟာ
တစ်ဖက်လူကိုလဲ ပျော်အောင်ထားတတ်တဲ့လူမျိုး..ဆယ်ရက် မပြည့်သေးတဲ့ တွေ့ဆုံမှု ဖြစ်ပေမယ့် တကယ်ကို စိတ်ရောကိုယ်ပါ ခင်မင်မိတဲ့အထိ ....