နှင်းဆီ...မျက်စိရှေ့က ကဗျာဆန်ဆန် စည်းနှောင်ထားတဲ့ အသွေးလှလှ နှင်းဆီတွေကို မြင်မိချိန်မှာ အတွေးတွေထဲစိုးမိုးသွားသည်က..ညကတွေ့ခဲ့တဲ့ ရေချိုးခန်း က bathtub ဘောင်ပေါ်မှာ အဝတ်အဖြူလေးနဲ့ပတ်ပြီး တင်ထားတဲ့ နှင်းဆီဖူးလေး တစ်ခု။ရင်ဘတ်ထဲက သိသိသာသာ တစ်ချက်ခုန်တော့ နှုတ်ခမ်းတွေအလိုလိုပြုံးမိသည်။
"ဆယ်ဟွန်းရေ..ဂျွန် က ထူးထူးဆန်းဆန်း ပန်းတစ်ပွင့်တောင်းသွားတယ် မင်းသူငယ်ချင်း ရည်းစားရနေတာများလား.."ဆိုတဲ့ တီလေးရဲ့စကားကို ကြားတော့ မနက်ဖြန် နှင်းဆီပန်းလေးကိုယ့်လက်ထဲရောက်လာမည့်အရေးကို ကြိုတွေးပြီး ရင်ခုန်ခဲ့ရတာ ညလုံးပေါက်...တခြားတစ်ယောက်အတွက်လားလို့ တွေးမိသေးပေမယ့် ကိုယ်ကလွဲလို့ လုံးလေး ဆီမှာ သက်ဆိုင်သူမှ မရှိတာပဲ။ဒီရက်ပိုင်း နှစ်ယောက်သားရဲ့ ဆက်ဆံရေးအခြေအနေကလဲ မဆိုးလှတာမို့ ကိုယ်မဟုတ်တဲ့ တခြားသူတစ်ယောက်ဆီ စိတ်ယိုင်သွားတာ မဟုတ်လောက်ဖူးလို့တော့ထင်သည်။
"ဆယ်ဟွန်း"
"ဟင်"
"ငါပြောတာကြားရဲ့လား"
"အာ.. sorry ထယ်ရာ ဘာပြောလိုက်တာလဲ"
ပြန်မေးလိုက်တော့ မျက်နှာကို သိသိသာသာ ငုံ့ချသွားပြီး နှင်းဆီတွေကို ကမ်းပေးနေတဲ့ လက်တွေက အားလျော့သွားပုံရသည်။
"ငါတို့ ပြန်တွဲကြရအောင် ဆယ်ဟွန်း"
မျက်လုံးချင်းပြန်မဆုံသေးဘဲ ဟိုဟိုဒီဒီ ရှောင်ရင်း ထပ်ပြောထွက်လာတဲ့စကားက တိုးတိုးရယ်။ရှက်သွားသည် ထင်ပါရဲ့ ။ ပုံမှန်အနေအထားမှာတောင် မိန်းကလေးတစ်ယောက်အနေနဲ့ ပြောဖို့ မလွယ်သည့် စကားကို ကိုယ့်ဖက်က စိတ်မဝင်စားသည့်အပြင် တခြားကိုပါ အတွေးလွန်နေမိသည်မဟုတ်လား။
"ဒီအထိ လိုက်လာခဲ့တဲ့ ထယ်ရာ့ကိုအားနာပေမယ့် ကိုယ်ငြင်းပါရစေ"