Helmet ကို ချွတ်လိုက်ပြီး အနည်းငယ်ပုံစံပျက်သွားသည့် နားသယ်စပ်နားကဆံပင်ကို ဆိုင်ကယ်မှန်ထဲကနေတစ်ဆင့်ကြည့်ရင်းပြင်ဆင်လိုက်သည်။ထို့နောက် လည်ပင်းက necktie ကိုနေရာကျအောင် ပြင်ဆင်ရင်း အပေါ်ကုတ်ရဲ့ ပုခုံးထက်ဆီက အမှုန်အမွှားတစ်ချို့ကို ခါထုတ်ပစ်လိုက်သည်..တစ်ချက်..နှစ်ချက်...
ပြီးနောက်....
လမ်းတစ်လျှောက်လုံး လက်တစ်ဖက်နဲ့ပွေ့လာခဲ့တဲ့ နှင်းဆီတွေပေါ် တစ်ချက်နမ်းရင်း ခြေလှမ်းတွေက တက္ကသိုလ်ကျောင်းဝန်းထဲသို့....
"ဟွန်း!!"
ဂျွန်တို့ မေဂျာရဲ့ ဘွဲ့နှင်းသဘင်မို့
တူညီဝတ်စုံတွေကြားထဲ ခေါ်သံလာရာဆီ ဦးတည်နိုင်ဖို့ ခက်ခဲလှသည်။ခေါင်းတစ်ပတ်လည်သွားပေမယ့် အသံပဲကြားလိုက်တဲ့ ဂျွန့်ကို ရှာမတွေ့...."ဟွန်း!! ဒီမှာ"
အင်္ကျီလက်မောင်းကို လာဆွဲတဲ့ ဂျွန်က လူအုပ်ကြားထဲ ညပ်နေတဲ့ ကိုယ့်ကိုပါ အတင်းဆွဲထုတ်သွားလေသည်။
"လာ ဒီဖက်ကို"
အခမ်းအနားအတွက် ပန်းအလှတွေပြင်ထားပေးတဲ့ ပန်းအိုးကြီးကြီးနားထိ ဂျွန်က ခြေလှမ်းမှန်မှန်နဲ့ ဦးဆောင်ပြီးလျှောက်၏။
"Congratulations ဂျွန်"
ရင်ခွင်ထဲထည့်ပေးလိုက်တဲ့ နှင်းဆီတွေကိုခဏကြည့်ပြီးနောက် ကိုယ့်ဆီရောက်လာတဲ့ မျက်ဝန်းတွေက ညိုလဲ့လဲ့....
နဖူးပြင်ပေါ်က လှိုင်းရိပ်ရေးရေးနဲ့ ဆံပင်တွေက နေရာတကျ သပ်သပ်ရပ်ရပ်...convocation ဝတ်စုံ အပြည့်အစုံနဲ့ ဂျွန်ဟာ အရှိန်အဝါတစ်မျိုးလေးလင်းသည်။"မျက်ကပ်မှန်တပ်တဲ့ အထိတောင် ပဲများပစ်လိုက်တာပေါ့လေ"
"ဒါပေါ့...ဘယ်လိုလဲ မင်းရည်းစားချောတယ်မလား"
မေးစေ့ကို လက်ဖျားနဲ့ ဖွဖွပွတ်ရင်း ဂျွန်ပြောပုံက မျက်ခုံးတစ်ခြမ်းကို သာသာလေးပင့်လိုက်သေးသည်။
"စီနီယာဂျွန်မြောင် တစ်ပုံလောက်တွဲရိုက်ရအောင် "
အတင်းဆွဲတဲ့နောက် ပါသွားရင်း ဂျွန်က "ခဏစောင့်ဦး"လို့ ပါးစပ်လှုပ်ရုံလေး ပြောသွားသည်။ စောင့်သည်....