"ဆယ်ဟွန်းရယ် ဒီတခါပဲကူညီပါ ငါတောင်းပန်ပါတယ်"
"ဟာ...ဘယ်လိုလုပ်ဖြစ်နိုက်မှာလဲဆယ်ဂျု ရဲ့သိသွားရင်မကောင်းဘူး သွားတွေ့လိုက်ပါဟာ ခဏပဲကို"
ပတ်ခ်ချန်ယောလ်ဆိုသူနဲ့တွေ့ဖို့ချိန်းထားတာကိုဆယ်ဂျုဟာသူ့အစားသွားပေးဖို့ဆယ်ဟွန်းကိုတောင်းဆိုလာခြင်း
မင်္ဂလာပွဲကပင်နောက်တပတ်ဖြစ်နေပြီခုမှလူချင်းတွေ့ဖို့စီစဉ်ပေးတဲ့appaတို့ဟာလွန်သည်ဟုဆယ်ဟွန်းထင်သည်။
"နင်ကအလိုက်သင့်လေးပဲ သူမေးသမျှဖြေလိုက်လေဟာ မသိလောက်ပါဘူး နင်နဲ့ငါကခွဲလို့မှမရတာ"
ဆယ်ဂျုဟာတကယ့်ကိုနတ်ဆိုးမလေးပါပဲ...
ဆယ်ဟွန်းကသူ့အယောင်ဆောင်ကာသွားတွေ့ရမတဲ့...
လွန်လွန်းတယ်...ဆယ်ဂျု..."ငါ ငါ့ဘဲနဲ့ချိန်းထားလို့ပါဟာသွားပေးပါ"
"နင့်ဘာသာနင်လက်မခံချင်ရင် ခုတခါထဲငြင်းခဲ့ပေါ့ဟ...
နင်နဲ့ငါဘယ်လောက်ခွဲမရဘူးပဲပြောပြော သိသွားရင်မကောင်းဘူးလေဟာ""ငါငြင်းလို့မရတာနင်သိရဲ့သားနဲ့ဆယ်ဟွန်းရာ...
Appaဒေါသကိုသိရဲ့သားနဲ့
ဒီတခါပဲကူညီပါဟာ...နော်
သူမရိပ်မိအောင်...ငါသေချာပြင်ဆင်ပေးလိုက်ပါ့မယ်နင့်ကို""ပီးတာပဲ ဆယ်ဂျု ဒီတခါပဲနော်ထပ်ပြီးငါ့ကိုဒုက္ခမပေးနဲ့တော့"
"အေးပါဟ"
လိုချင်တာရသွားသည့်ဆယ်ဂျုရုပ်ဟာစပ်ဖြဲဖြဲ
**********************
"ဖြစ်ပါ့မလား ဆယ်ဂျုရယ်ငါကြောက်တယ်ဟ"
ဆယ်ဂျုသူငယ်ချင်းအိမ်မှာဆယ်ဂျုနဲ့တစ်ပုံစံထဲတူအောင်မိန်းမလိုပြင်နေရသည့်ဆယ်ဟွန်းအဖြစ်...
ပတ်ခ်ချန်ယောလ်နဲ့နေ့လည်ဆယ့်တစ်နာရီမှာချိန်းထားတာမို့မနက်၉နာရီလောက်ကတည်းကကြိုပြင်နေကြခြင်း...
သွားတွေ့ရမဲ့အချိန်နီးလာလေလေsehunမှာရင်တွေတုန်လာလေလေ...
"ဝါး...ဆယ်ဟွန်းနင်ကငါ့ထက်တောင်လှသွားတယ်ကြည့်စမ်းခုလိုကြတော့ "
ဆယ်ဟွန်းကတော့မှန်ထဲကသူ့ပုံရိပ်ကိုစိတ်ပျက်လက်ပျက်သာစိုက်ကြည့်နေမိသည်။
YOU ARE READING
ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)
Fanfictionလိမ်ညာတာကိုအရမ်းမုန်းတဲ့သူရယ်... မတတ်သာလို့လိမ်ညာနေရတဲ့သူရယ်... နှစ်ယောက်ကြား အချစ်တို့ပေါက်ဖွားလာတဲ့အခါ... #cv by me