ရှေ့ လှမ်းလှမ်းမှ တရွေ့ရွေ့လျှောက်နေသည့်သမီးက ဇာဂါဝန်ဖြူဖြူ ခေါင်းထက်ဆင်မြန်းထားသည့်ပန်း crownလေးနှင့်၊
လက်ထဲမှ နှင်းဆီဖြူတို့ပွင့်ဖတ်ခြွေထားသည့် ခြင်းငယ်လေးကိုကိုင်ဆောင် လျက် လျှောက်လမ်းတလျှောက်ပွင့်လွှာဖြူတို့ကို ကျဲဖြန့်သည်။ဘုရားကျောင်းငယ်လေးအတွင်း တိုးသက်စွာကြားနေရသည့်စန္ဒယားသံငြိမ့်ငြိမ့် ...
တဖက်တချက်စီတွင်ထိုင်နေကြသည့် ommaရယ် danielရယ်ဆယ်ဂျုတို့လင်မယားရယ်၊ ဦးရဲ့paရယ်က ဆယ်ဟွန်းကိုပြုံးလျက်ကြည့်နေသည်။Stageငယ်လေးပေါ်မှ အဖြူရောင်သတို့သားဝတ်စုံနှင့်ဦးက လဲ ကျွန်တော့်ကိုပြုံးလျက်ကြည့်နေခဲ့သည်။
လက်ကမ်းပေးလာသည့်လက်ဖဝါးပြင် ကျယ်ကျယ်ထဲ လက် ဖျားလေးအပ်မိသည့်နောက် တယုတယ ထွေးဆုပ်လာရင်း လက် ခုံပေါ် အနမ်းနုနုခြွေသည်။
မျက်နှာချင်းဆိုင်ရပ်နေမိကြရင်း မျက်လုံးချင်းဆုံအောင်ကြည့်နေမိခဲ့လျက်၊
သိပ်လှသည့် ဦး ရဲ့နှုတ်ခမ်းဖူးတွေ ကော့တက်သည်အထိ ပြုံးနေကာ မျက်လုံးဝိုင်းတွေက တဖိတ်ဖိတ်လက်နေခဲ့သည်။လက်သူကြွယ်ထက်ဆင်မြန်းပေးလာသည့် ငွေလက်စွပ်လေး၊
မေးဖျားကိုပင့်မော့ခံရသည့်နောက်ထိကပ်လာသည့်နှုတ်ခမ်းနွေးနွေးတို့က ယစ်မူးဖွယ်ရာ၊
စစ်မှန်သည့်လက်ထပ်ပွဲ၊
စစ်မှန်သည့်ချစ်ခြင်းတရား တွေဟာ ရင်ထဲတသိမ့်သိမ့်နွေးစေသည်။ကျွန်တော်က အရင်တခေါက်တုန်းကလို ဂါဝန်ဖြူကြီးနှင့်စိပ်ကျဉ်းကျပ်နေခဲ့သည့်အစား ဦးနှင့် ဆင်တူ အဖြူရောင်အနောက်တိုင်းဝတ်စုံနှင့်ကြည်စင်စွာပြုံးနေခဲ့သည်။
ဦးသည်လဲထိုနည်းတူ။ကျွန်တော့်ကိုငေးစိုက်ကြည့်နေသည့်ဦးမျက်ဝန်းတွေထဲ မြတ်နိုးခြင်းတို့က အပြည့်၊
ထွေးဆုပ်ထားသည့်လက်ဖဝါးပြင်ထဲကျွန်တော့်လက်ဖြူသွယ်သွယ်ဟာ အံဝင်ခွင်ကျဖြစ်လို့နေခဲ့သည်။**
" သမီး မလိုက်ချင်တာ သေချာလို့လား "ကုတင်ပေါ် ငုပ်တုပ်လေးထိုင်နေသည့်သမီးက တုံ့ဆိုင်းခြင်းမရှိပါပဲ ခေါင်းခါပြလာသည်။
YOU ARE READING
ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)
Fanficလိမ်ညာတာကိုအရမ်းမုန်းတဲ့သူရယ်... မတတ်သာလို့လိမ်ညာနေရတဲ့သူရယ်... နှစ်ယောက်ကြား အချစ်တို့ပေါက်ဖွားလာတဲ့အခါ... #cv by me