ခပ်နွေးနွေးကျရောက်လာသည့်နေရောင်ခြည်နုနုက မျက်နှာပေါ်ဖြန့်ကျက်လာတာကြောင့် စောစောနိုးတတ်တဲ့ဆယ်ဟွန်း ကအရင်နိုးလာသည်။
အလယ်မှာစည်းသဖွယ်ခြားထားတဲ့ဖက်လုံးရဲ့ဘေးတဖက်တချက်မှာအိပ်မောကျနေတဲ့ ဦး ကို မျက်နှာချင်းဆိုင်အနေအထားနှင့်တွေ့ရသည်။
အိပ်မောကျနေတဲ့ဦးမျက်နှာကိုအသာခိုးငေးရင်းငြိမ်နေမိသည်။
ခေါင်းအုံးပေါ် လက်ထောက်လိုက်ရင်းဦးမျက်နှာအစိတ်အပိုင်းတခုချင်းစီကို အသေးစိတ်ငေးနေမိသည်။...
ချောမောလွန်းတဲ့မျက်နှာလေးက အပြစ်ဆိုဖွယ်ရာမရှိပါ...
ဘယ်သူက...
ဘယ်သူကများ ဒီလိုပြည့်စုံတဲ့လူသားကိုမချစ်မိပဲနေနိုင်မှာလဲ...မျက်လုံးဝိုင်းဝိုင်းတွေနှင့်ဆုံလိုက်တိုင်းရင်ခုန်သည်...
ပါးချိုင့်စွက်တဲ့ ဦးရဲ့အပြုံးနုနုက လူကို သေစေလောက်တဲ့အထိ ပြုစားနိုင်သည်။ချစ်တယ်...ဦးရယ်..
ဆယ်ဂျု..appa
ဟင့်အင်း...သူတို့ကို မေ့ထားပြီး...
ဦးအနားမှာပဲရှိနေခွင့်လေးရချင်တယ်...
ချစ်တယ်...ဦး
.
.
.
***********************
"ကိုယ်တို့...ဒီနေ့တော့ခရီးတိုလေးတခုထွက်ကြရအောင် ဟွန်းနီး
..."ဦး စကားကြောင့်papaရောဆယ်ဟွန်းပါ စားလက်စတို့ကိုရပ်ပြီး မော့ကြည့်မိသည်...
"နေ့ချင်းပြန်လောက်ပါပဲ...သွားကြမလား ဟွန်းနီးလဲကျောင်းပိတ်တုန်း"
"ဘာ နေ့ချင်းပြန်လဲ သွားမဲ့သွား ၃ရက်လောက်နေခဲ့ကြ "
"ဟာ papaကျွန်တော် အာ့လောက်ထိမအားဘူးလေ.
..ဟွန်းနီးလဲကျောင်းပျက်ရမှာပေါ့..."ဦးက ရှုံ့မဲ့ကာ ညီးလေတော့ papaကအနားရှိလက်သုတ်ပဝါနှင့်ဦးကိုကောက်ပေါက်လိုက်ရင်း...
"ဘာမှမကြားချင်ဘူး...honeymoonတုန်းကလဲဘယ်မှမသွားဘူး ခု သွားဆိုသွား ဘာမှအထွန့်မတက်နဲ့ ပတ်ချန်ယောလ်
ငါ့အတွက် လဲမြေးလေးတယောက်လောက် ကလိုအပ်နေပြီ""ဟာ ..papa"
Papaစကားကြောင့် ဟွန်းနီးခမျာ သောက်လက်စရေတွေသီးကုန်သည်အထိ...
ရှက်ရဲရဲလေးဖြစ်နေတာ မျက်နှာကမော့မလာတော့...
မနေ့ညကမှအတူ အိပ်တာကိုသိလို့ကတော့papa ချန်ယောလ်ကိုမောင်းချမလားပင်မသိတော့...
YOU ARE READING
ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)
Fanfictionလိမ်ညာတာကိုအရမ်းမုန်းတဲ့သူရယ်... မတတ်သာလို့လိမ်ညာနေရတဲ့သူရယ်... နှစ်ယောက်ကြား အချစ်တို့ပေါက်ဖွားလာတဲ့အခါ... #cv by me