အပြစ်လုပ်တဲ့သူကဆယ်ဟွန်းဖြစ်ပေမဲ့...
ဦးက ရှောင်နေသည်။မနက် breakfastလဲမစား...
ကျောင်းလဲdriverနဲ့သာလွှတ်သည်...
ညဘက်ဆိုလဲဆယ်ဟွန်းအိပ်ပျော်နေကာမှပြန်လာသည်။မနေနိုင်တဲ့ ဆယ်ဟွန်းကပဲဦးနဲ့ဆုံဖို့လုပ်ရတော့သည်။
တကယ်ဆိုဆယ်ဟွန်းလဲမညာချင်ပါဘူး..
ဦးအထင်လွဲမှာဆိုးလို့လိမ်ကာမှပိုဆိုးတော့သည်။..ပြီးတော့လူကိုသူပဲအတင်း...
အင်းး...ဦးနှုတ်ခမ်းတွေကနွေးလွန်းသည်။..
ကိုယ်အတွေးကိုရှက်လွန်းလို့မျက်နှာကိုလက်ဖဝါးနှင့်အုပ်ချပစ်မိသည်။
အလုပ်ပိတ်ရက်မို့တွေ့ရမလားမှတ်ပါတယ်တနေ့လုံးစာဖတ်ခန်းအောင်းနေတဲ့ဦးကို စောင့်နေသည့်တိုင်ထွက်မလာ...
ခုပင်ည၉နာရီကျော်နေပြီ...
အခန်းရှေ့ သွားရပ်မိပြီးမှတံခါးမခေါက်မိသေးပဲအတော်ကြာရပ်နေမိသေးသည်။
လော့မချထားတာမို့အသာဝင်သွားတော့ နံရံကပ်စာအုပ်စင်မှစာအုပ်တချို့ရွေးနေပုံရသည့်ဦး ကျောပြင်ကိုတွေ့ရသည်။
"ဦး.."
ခဏသာစောင်းငဲ့ကြည့်ပြီး ပြန်လှည့်သွားသည်။
"ဦးလို့.. ထမင်းစားပြီးပြီလား"
"အာ့လိုစကားမပြောပဲမနေပါနဲ့နော်"
အချိန်အတော်ကြာသည်အထိ ဦးဆီကအသိအမှတ်ပြုမခံရ ...
"ဦး...ဟင့်"
အငိုလွယ်လာလွန်းတဲ့ကိုယ့်ကိုကိုစိတ်ပျက်မိသည်။
ဦးကျောပြင်ကိုမျက်နှာအပ်လိုက်ရင်း ခပ်ဖွဖွသိုင်းဖက်လိုက်သည်။
"ဦး...အထင်လွဲမှာဆိုးလို့လိမ်မိတာပါ...ဟင့်...Daniel
danielက ဟွန်းနီးသူငယ်ချင်းပါ နောက်မကြိုက်ရင်မသွားတော့ပါဘူးနော် ခုလိုကြီးမနေပါနဲ့"မျက်ရည်တို့ကိုဦးအင်္ကျီနဲ့ပွတ်တိုက်သုတ်ပစ်မိသည်။
ခလေးတွေလို ကိုယ်ငိုနေတာမိဘကို သိစေချင်သလိုမျိုး...မျက်နှာချင်းဆိုင်အနေအထားရောက်အောင်ခပ်ဖြည်းဖြည်းလှည့်လာသည့်ဦးကို မော့မကြည့်ဝံ့ပဲခေါင်းသာတွင်တွင်ငုံ့ထားမိသည်။
YOU ARE READING
ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)
Fanfictionလိမ်ညာတာကိုအရမ်းမုန်းတဲ့သူရယ်... မတတ်သာလို့လိမ်ညာနေရတဲ့သူရယ်... နှစ်ယောက်ကြား အချစ်တို့ပေါက်ဖွားလာတဲ့အခါ... #cv by me