သမီး လက်သေးသေးလေးကိုဆွဲကာ Taxiကားသမားအား ကျ သင့်ငွေရှင်းပြီးနောက် ကားပေါ်မှဆင်းလိုက်လေသည်၊
တမနက်လုံးသားအဖနှစ်ယောက်ကစားကွင်းမှာ ပတ်ဆော့ပြီးနောက် နေ့လည်စာစားချိန်ပင်ကျော်နေလေပြီ။
သမီးက ချစ်ဖို့ကောင်းကာ အကျင့်တော်တော်များများက သူနှင့်တော်တော်တူသည်။
တဇွတ်ထိုးစိတ်ကလေးတွေကအစ
နောက်ဆုံး ကြက်ဥချောင်းပီဇာကိုရွေးတာက အစ သူ့အကြိုက်နှင့်တော်တော်များများတူနေသည်။" အားရီးဂူး...ချစ်စရာကောင်းအောင် စားတတ်တာပဲ"
သမီးဆံပင်ပျော့အိအိလေးကိုပွတ်သပ်ပေးရင်း ချစ်စနိုးငေးနေမိသည်။
ကြည့်ပါအုန်း ဒီချစ်ဖို့ကောင်းတဲ့ ခလေးသေးသေးလေးဟာ ဟွန်းနီးနဲ့ သူရဲ့ ဖြစ်တည်လာတဲ့ သွေးသားလေးတဲ့လေ၊
ဘယ်လောက်တောင် တစိမ့်စိမ့်ကြည်နူးဖို့ကောင်းလိုက်သလဲ။" papaက နာအွန်းလေးဖေဖေဆိုတာ တကယ်လား"
" အင်း သမီးက မယုံဘူး?"
" မယုံဘူး papaက လိမ်နေတာမလား "
ဟွန်းနီးနှင့်တူသည့် နှုတ်ခမ်းပိစိလေးက စကားပြောလိုက်တိုင်းချွန်ချွန်ထွက်လာပြီး ချန်ယောလ်နှင့်တူလှသည့်မျက်လုံးဝိုင်းကြီးတွေက မော့ကြည့်လာရင်း တတွတ်တွတ် ပြောနေလေသည်။
" တကယ်ပါဆို ဘာလို့သမီးကမယုံရတာလဲ ဒီမှာကြည့် papaမျက်လုံးတွေက သမီးနဲ့မတူဘူးလား"
သူ့မျက်လုံးတွေကို ငေးစိုက်ကြည့်လာသည့်သမီးက တွေဝေသွားဟန် ပါးစပ်ထဲက ဝါးလက်စ ပီဇာလေးကိုပင် မဝါးတော့ဘဲငုံထားလေသည်။
" ပြီးတော့"
ချန်ယောလ် ပြုံးလိုက်တော့ ပေါ်လာသည့် ပါးချိုင့်ထက် လက်ညိုးနှင့်ထောက်ပြလိုက်ရင်း...
" ဟုတ်တယ် နော် နာအွန်းလေးမှာလဲအဲ့လိုလေးရှိတယ် "
သူက သမီးကိုအချဉ်ဖမ်းကာ အယုံသွင်း လိုက်တော့ သမီးက အနဲငယ်တော့ယုံသွားဟန်။
သွေးက စကားပြောသည်လားမသိ သမီးက သူ့အပေါ် အခင်တွယ်မြန်လေသည်။
![](https://img.wattpad.com/cover/169025374-288-k500198.jpg)
YOU ARE READING
ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)
Fanfictionလိမ်ညာတာကိုအရမ်းမုန်းတဲ့သူရယ်... မတတ်သာလို့လိမ်ညာနေရတဲ့သူရယ်... နှစ်ယောက်ကြား အချစ်တို့ပေါက်ဖွားလာတဲ့အခါ... #cv by me