43(Final)

12.3K 822 83
                                    


ဘုတ်!
အင့်!

ရင်ဘတ်ဆီ ပစ်ဝင်လာတဲ့ ခေါင်းအုံးကိုပိုက်မိပြီးသည့်နောက် ဂျိမ်းခနဲ စောင့်ပိတ်သွားသည့်တံခါးလေးကို ချန်ယောလ် တွေတွေလေးရပ်ငေးနေမိသည်။

စားရခါးနီးမှ ပြုတ်ကျသွားတဲ့မုန့်လို မချင့်မရဲဖြစ်မိသည့်စိတ် ကို ချွန်းအုပ်ရင်း ဧည့်ခန်းရှိ ဆိုဖာ တွင်သာ အိပ်ဖို့ဖြစ်လာခဲ့သည်။

ပါးစပ်က သာ ဟွန်းနီးကို တကြော်ကြော်ခေါ်နေပေမဲ့ ဟွန်းနီး အရှက်သည်းကာ တံခါးဖွင့်ပေးမည် မဟုတ်တာကိုသိသည်။

" ဒါလေးပြောမိတာကို..
ဒီလောက်တောင်ရက်စက်ရသလား "

မကျေမနပ် စူပွပွပြောမိရင်း ဆိုဖာရှည်ထက် ဘုန်းခနဲပစ်လှဲမိသည်။

တခုပြီးတခု ပြနေသည့်TVအစီအစဉ်များကိုစိတ်မပါစွာ ကြည့်နေမိရင်း အိပ်လို့မပျော်နိုင်။
အတင်းအကျပ် ဖက်တွယ်ကာ အိပ်စက်ရသည့် ဖက်လုံးအိအိလေး ဖြစ်သည့် ဟွန်းနီး မရှိတော့ ရင်ခွင်ထဲ ဟာနေသည်။

တံခါးဖွင့်သံ ကြားလိုက်ရတာမို့ မျက်စိမှိတ်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။
တိုးဖွဖွ ခြေသံ ငယ်က သူ့ဘေးလာရပ်နာကိုခံစားမိသည်။

" စောင်လဲ မခြုံဘူးကြည့်"

ကိုယ်ပေါ် လွှားပေးလာသည့် စောင်ပါးလေးနှင့်အတူ နဖူးထက် ဆံနွယ်အချို့ကို သပ်တင်ပေးလာသည့်အထိအတွေ့ကြောင့်ရင်ထဲသိမ့်ခနဲ။

ခလေးတွေကို ချစ်စနိုး ထိကိုင်သလို သူ့ပါးအိအိကို ခပ်ဖွဖွလိမ်ဆွဲလာသည့်အခါ  အိပ်ချင်ယောင်ဆောင်မနေနိုင်တော့ပေ။

လက်ကောက်ဝတ်မှ ဆွဲ ချလိုက်သည့်နောက် အလန့်တကြား နှင့်သူ့ရင်ဘတ်ပေါ်ပြိုကျလာသည့် ဟွန်းနီးကိုယ်လေးကို အသာပွေ့ဖက်မိသည်။

" နိုးနေတာလား"

"အိပ်နေပြီထင်လို့ ခုလိုလုပ်တာလား"

ခပ်တည်တည်စိုက်ကြည့်ပြီးမေးတော့  နားရွက်ဖျားတွေ ရဲတွတ်အောင်ရှက်နေသည့် ဟွန်းနီးက ဖက်ထားသည့် လက်အစုံကို ရုန်းသည်။

" ဦး...က အကျင့်မကောင်းဘူး"

" အင်း..ကိုယ်သိပါတယ်"

ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)Where stories live. Discover now