" ကို ဆယ်ဟွန်းက ချစ်နဲ့တူတယ်ဟုတ်"
နီစပ်စပ်အသားရည်ရှိပြီး နှစ်လိုဖွယ် အပြုံးတို့ ပိုင်ဆိုင်ထားသည့် ထိုအမျိုးသားကို ကျွန်တော် တခါမှမမြင်ဖူးချေ။
ဆယ်ဂျု က တော့ ထို အမျိုးသား၏ လက်မောင်းကို ခိုတွဲလို့ ကျွန်တော်နှင့် မိတ်ဆက် ပေးနေသည်။" ယောက်ဖလေး က ဆယ်ဂျုနဲ့ တကယ်တူတာပဲနော် အာ အစ်ကို မိတ်ဆက်ဖို့မေ့နေတာ အစ်ကိုက ဆယ်ဂျု့ ခင်ပွန်းပါ "
အလိုက်သင့် လက်ဆွဲနှုတ်ဆက်လာမှု နောက် ထိုသူဟာ ပြုံးပြန်သည်။
ကျွန်တော် ကပြန် ပြုံးဖို့မေ့လျော့နေခဲ့ပြီး ခပ်အမ်းအမ်း ။
ဆယ်ဂျု မှခါးကို တံတောင်နှင့်တွတ်မှသာ ပြန်ပြုံးပြဖြစ်သည်။" ကို အလုပ် ပြန်သွားရအုန်းမယ်မလား ချစ် ဆယ်ဟွန်းနဲ့ စကားပြောစရာရှိလို့ ခဏနေခဲ့မယ်နော်"
" ဒါဆို အစ်ကို့ကို ခွင့်ပြုပါအုန်းနော် ယောက်ဖလေး"
" ဟုတ်ကဲ့"
ထို အမျိုးသွား ထွက်ခွာ သွားသည့်နောက် ခြေမြန်လက် မြန် ရှိလှသည့် ဆယ်ဂျု ၏ လက်ဆွဲ ခေါ်မှုကြောင့် ဆေးရုံ အနီးရှိcafeတခုသို့ဦးတည်ဖြစ်ကြသည်။
မှာထားသည့် ကော်ဖီ တခွက်နှင့်bubbles teaတခွက် ရောက်လာသည့်တိုင် ဘယ်က နေ စမေးရမယ်မှန်းမသိသည့် ကျွန်တော်က ငြိမ်သက်နေမြဲ။
"နင် မေးစရာတွေ မရှိဘူးလား ငါ့ကို"
ဆယ်ဂျု့ ဘက်မှ တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလာသည်။
" မသိချင်တော့ပါဘူး "
" ဟင်းး ...မသိချင်လဲ ပြောပြရမှာပဲ မတတ်နိုင်ဘူး"
" ..."
" ဦး နဲ့ ကွာရှင်းခဲ့တာ နင်ထွက်သွားပြီး နောက်ပိုင်း ၂နှစ်လောက်ထဲက"
" ဩော် ဦးရော အဆင်ပြေရဲ့လား"
" မပြေဘူး လုံးဝကိုမပြေတာ ၊ နင်ထွက်သွားပြီး အဆက်သွယ်မရတော့ထဲက အရက်သမားကြီး ဖြစ်သွားတာ ကုမ္ပဏီတောင်ယိုင်လဲ လုလုပဲ ၊ နောက်ဆုံးဦးpapaရောက်လာပြီး ဦးကို အရက်ဖြတ်ဖို့တွေ အရင်လုပ်ရတယ် ပြီးတော့ ငါ နဲ့ကွာရှင်းတယ်ပေါ့။ ပုံမှန်ပြန်ဖြစ်သွားတဲ့ ဦးက နင့်ကို ရှာဖို့ ကြိုးစား ခဲ့တာ ၂နှစ်တိတိ ။ danielရဲ့ လိပ်စာ လဲ တိတိကျကျမသိတော့ ငါလဲ မကူညီနိုင်ဘူးလေ "
YOU ARE READING
ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)
Fanficလိမ်ညာတာကိုအရမ်းမုန်းတဲ့သူရယ်... မတတ်သာလို့လိမ်ညာနေရတဲ့သူရယ်... နှစ်ယောက်ကြား အချစ်တို့ပေါက်ဖွားလာတဲ့အခါ... #cv by me