28

8K 801 39
                                    

မီး ရောင် စုံ တို့ ထိန်ထိန်လင်းနေသည့်ခြံဝန်းရှိ ခြေချမိသည် နှင့် လူက ကတုန်ကယင်..

တချိန်က ရင်းနှီးခဲ့ဖူးသည့် ထို အိမ် ခြံဝန်းဟာ ယခုဝင်ဖို့ပင်အခက်အခဲဖြစ်နေလေသည်။

Appaနှင့် နှစ်ယောက်ထဲ ဦး ရဲ့ ကုမ္ပဏီနှစ်ပတ် လည် ပွဲကျင်းပ ရာ ထိုခြံဆီ ...

" appa  ဦး ရဲ့paရော ရှိနေမယ်ထင်တယ်"

ကျွန်တော်က သာ ဂနာမငြိမ်စွာ ပူပန်နေရပေမဲ့ appaက တော့ အေးအေးလူလူ သက်တောင့်သက်သာ ရှိလှသည်။

" ဘာမှ မဖြစ်ဘူး  ပတ်ခ်ချန်ယောလ် မရိပ်မိဘူး "

Appaက တော့ သူ့ အထင် နှင့် သူ အဆင်ပြေနေခဲ့သည်သာ...

ညစာ ထမင်းဝိုင်းတွင် ယောက်ဖလေးပါ အပါခေါ်ခဲ့ဟုသော စကားအသွားအလာ အရ ဦး ဘာတွေ ထိုးစစ် ဆင်အုန်းမည်မသိ...
ရင်မောစွာနှင့် ပဲ appaနောက်က ခပ်ကုတ်ကုတ်လိုက်သွားမိသည်။

စိမ်းမြမြ မြက်ခင်းပြင် ညီညီထက် အဖြူရောင် စားပွဲဝိုင်း တွေနှင့် အတူ လျှောက်လမ်းပမာ အစီအရီချထားသည့် မီးအုပ်ဆိုင်း ပမာ ဝါကျင့်ကျင့် မီး တိုင်ပုပုလေးတွေဟာခပ်လှမ်းလှမ်းရှိ မနိမ့်မမြင့် စင့်မြင့် ရှိရာ ဆီ...

" appa"

ကြက်သွေးရောင် ဂါဝန်အရှည်နှင့်ဆယ်ဂျု ဟာ အပြေးရောက်လာရင်း appaလက်မောင်းကို ခိုတွဲလိုက်သည်မို့ကျွန်တော်က အကဲပိုရန်ကော ဟူ သည့် မျက်နှာပေးနှင့်စိုက်ကြည့်လိုက်ပါ၏

" မနာလိုကောင်"
သူမရဲ့ ထောပနာပြုချက်...
အမှန်တရားကလဲ ဆယ်ဂျု အပေါ် ကျွန်တော်က အမြဲမနာလိုခဲ့ရသည်သာ...

  Appaနှင့် ကျွန်တော့်ကို စား ပွဲဝိုင်း တခု တွင် နေရာ ချ ပေးသည့် နောက်  အမှတ် မရှိသည့် ကျွန်တော့် မျက်လုံးတွေဟာ ယခုထိမမြင်ရသေးသည့်တစုံတယောက်ကို အပြေးအလွှားရှာဖွေနေဆဲ...

" အိုး...ယောက်ဖလေးတို့ရောက်နေပြီပဲ"

မျှော်နေရသူ၏အသံကိုနောက်ကျောဘက် ဆီမှကြားလိုက်ရသည့်နောက် ရှေ့ တည့်တညိ့တွင် ဝင်ထိုင်သော်လည်း တကယ်တမ်းက မပျော် နိုင်ဖြစ်ရပြန်သည်။

ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)Where stories live. Discover now