ဦးရင်ခွင်နွေးနွေးကြောင့်ဆယ်ဟွန်းအိပ်နေချင်သေးပေမဲ့ ၇နာရီထိုးနေပြီဖြစ်တာကြောင့်ဆ ဆက်အိပ်မနေသင့်တောပေ...
အိမ်အောက်ထပ်ဆင်းသွားတာနှင့်မီးဖိုချောင်တွင်ဆယ်ဟွန်းဘက်ကိုကျောပေးကာ မနက်စာပြင်နေသည့်ommaနား အသံတိတ် ခြေဖော့နင်းရင်း ခါးကိုဖက်လိုက်တော့ omma၏ အလန့်တကြားအော်သံလေးကိုသဘောတကျပြုံးလိုက်မိပါ၏
"Ommaကအမြဲလန့်နေတာပဲ"
ထိုအပြုအမူလေးဟာ ဆယ်ဟွန်းမနက်တိုင်းommaကိုစနေကျ...
Ommaကလဲအမြဲလန့်နေကျ.."အံမယ်...ommaက မလန့်ပါဘူးနော် လာခြောက်တဲ့သူစိတ်ချမ်းသာအောင်လန့်ပြတာ "
ဆယ်ဟွန်း ပါးကိုတရွှတ်ရွှတ်နမ်းရင်း ဆိုလာတဲ့ommaကို အသာဖက်ထားရင်း ကပ်ချွဲနေမိသည်။
"ဆယ်ဟွန်း မင်းအခန်းထဲခဏလာခဲ့"
Appaရဲ့ခေါ်သံကြောင့်ဆယ်ဟွန်း မျက်နှာပျက်သွားရတာကြောင့် ommaကလဲမျက်နှာမကောင်းပါ..
Appaမျက်နှာက တင်းနေသည်မလား...
"Appa ဟွန်းနီးကို ဘာပြောစရာရှိလို့လဲဟင်..."
"မင်း အကြောင်းကို ချန်ယောလ်သိသွားပြီလား"
"ဟင့်အင်း...ဦး မသိပါဘူး appa "
"အင်း...အာ့အတိုင်းခဏလေး ဆက် ထိန်းထားပေး ဆယ်ဂျု့ကို လဲရှာတွေ့တော့မှာပါ "
"ဟုတ် ကဲ့appa"
"ပီးတော့ ... အနေအထိုင်ဆင်ခြင် စေချင်တယ် ဆယ်ဟွန်း appaပြောတာ သဘောပေါက်တယ်မလား"
အဓိပ္ပါယ် တချို့ပျော်ဝင်နေတဲ့appaမျက်ဝန်းတို့ ကြောင့် ဆယ်ဟွန်း ခေါင်းသာ အသာငြိမ့်ပြလိုက်ရသည်။
ဆယ်ဟွန်း ရယ် appaနဲ့ommaသာသိတဲ့လျှို့ဝှက်ချက်ကိုဒီအတောအတွင်းဆယ်ဟွန်းမေ့ထား ခဲ့မိတာ ပဲ..."ဟုတ် နားလည်ပါတယ် စိတ်မပူပါနဲ့appa "
"အင်း..appaစိတ်ချမယ် ဆယ်ဟွန်း..."
Appaအခန်းထဲက ထွက်လာတာနှင့်လေးလံသွားရတဲ့ စိတ် က ခြေတွေလက်တွေပင်မသယ်ချင်ရတဲ့အထိ...
ထမင်းစားခန်းထဲမနက်စာစားနေပြီဖြစ်တဲ့ဦးကို တွေ့လိုက်ရတာကြောင့် မျကိနှာကိုချက်ချင်းပြင်လိုက်ရသည်။
YOU ARE READING
ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)
Fanficလိမ်ညာတာကိုအရမ်းမုန်းတဲ့သူရယ်... မတတ်သာလို့လိမ်ညာနေရတဲ့သူရယ်... နှစ်ယောက်ကြား အချစ်တို့ပေါက်ဖွားလာတဲ့အခါ... #cv by me