30

9.9K 866 175
                                    

လွယ် အိတ်ကို လွယ်ပြီးသည့်နောက် စာအုပ်အနဲငယ်နှင့်တိုလီမုတ်စပစ္စည်းအနဲငယ် ထည့်ထားသည့် စက္ကူပုံးကို မလိုက်ကာ အခန်းထဲမှ ထွက်ရန်ပြင်လိုက်သည်။

မျက်လုံးက မနေနိုင်လှစွာ အခန်းထဲမှထွက်ခါနီးတယောက်အိပ် ကုတင် လေးကို ကြည့် မိသည့်နောက် ခပ်ထွားထွား ဦး ရင်ခွင်ထဲတိုးကာ ကုတင်ကျဉ်းကျဉ်းလေး ထက် ပူးကပ်အိပ်နေကြသည့် ကျွန်တော်နဲ့ ဦး ရဲ့ ပုံ ရိပ်က မြင်ယောင် လာသည်။

ဒီအခန်းငယ်လေးထဲ...
ရင်ခုန်စရာအမှတ်တရ လေးတွေ ရှိခဲ့သေးဖူးသည်ပဲ။

သက်ပြင်း ချပြီးနောက် အိပ် ခန်းထဲက ကျောခိုင်း လိုက်ပြီ။

အိမ်အောက်ထပ် ဆင်းသွားသည့်နောက် လက်ထဲက အိတ်နှင့် စာအုပ်ပုံးကိုပါ ကူသယ်ပေးသည့်Danielကို အားနာစွာ တချက် ပြုံးပြဖြစ်ရင်း appaနှင့်ommaကို နှုတ်ဆက်ကာ ထွက်လာခဲ့သည်။

တဆက်တည်း ဆုံးဖြတ်ချက်ချဖြစ်သည်က နောက်ဆို သူများစိတ်နဲ့ သူများပြောတိုင်း လိုက်လုပ်ရသည့် ခပ်ညံ့ ညံ့ ကောင်စားမျိုးအဖြစ်မှ ပြောင်းလဲပစ်ဖို့ အတွက် ...

.
.
.

" ဆီဟွန်း အခန်း အဆင်ပြေရဲ့လား အရင်က ဒီအခန်းက သိပ်မသုံးဖြစ်တော့ လေ ကျွန်တော်နဲနဲတော့ ရှင်းထားပေးပေမဲ့ ဖုန်တွေရှိနေသေးတယ် ဆီဟွန်းကိုလဲ အိမ်က လူတွေသုံးလက်စ အခန်းဟောင်းကြီး ပေးသုံးရမှာအားနာတာနဲ့ ဧည့်သည်ခန်းပဲအဆင်ပြေမယ်ထင်လို့ ..."

လက်ဖဝါးကို မီးပွင့်မတတ် ပွတ်နေရင်း ကရားရေလွှတ်သလို ရှင်းပြကာ အားနာနေတဲ့Danielကို စိတ်သက်သာရာ ရစေရန် ပြုံးပြလိုက်ရင်း...

" အဆင်ပြေတာပေါ့ အခန်းက အကျယ်ကြီးပဲ ကျွန်တော့် အခန်းထက် နှစ်ဆလောက်ကျယ်တယ် တကယ်ဆို danielကို တောင် ကျွန်တော်က အားနာနေတာပါ အလကားသက်သက် အလုပ်ခ
ရှုပ်ရပြီ"

"အာ..ရတယ် ကျွန်တော် က ဆီဟွန်း လာနေမယ်ဆိုနဲ့တင်ပျော်နေတာ...အဲ ...အဖော်ရတယ်လေ အာ့ကြောင့်ဝမ်းသာမိတာ"

ကျွန်တော့် ရဲ့ကပြားသူငယ်ချင်းလေးဟာ သူများကို အားနာ တတ်လိုက်တာလဲလွန်ရောပါ။

ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)Where stories live. Discover now