33

8.8K 838 123
                                    

မြူတွေဆိုင်းနေသည့် ထို နေရာဟာ ရှေ့ တည့်တည့်ရှိလမ်းကို ပင်မမြင်နိုင်လောက်အောင် မှုန်မှိုင်းဝေဝါးနေသည်။
ဆယ်ဟွန်း စမ်းတဝါးဝါးလျှောက်နေမိရင်း
နှာဖျား ထက် သင်း လာသည့် ကြာပန်းရနံ့...
ရှေ့ ဆက် လျှောက်လေ ထိုရနံ့ ဟာ ပိုပြီး သင်းပျံ့ လာလေလေ။
စိတ်ညို့ ခံရသူပမာ မျက်လုံး စုံမှိတ်ရင်း ထို အနံ့ ရှိနိုင်မည့် နေရာသို့ အဆင်ခြင်ကင်းစွာ လျှောက်နေမိဆဲ။

အေးစိမ့်စိမ့် ခံစား ချက်ကြောင့် မျက်ခွံ တို့ကို ဖွင့်ကြည့်မိတော့ ခုနကလို မှုန်မှိုင်းနေသည့် မြူမှုန်တို့ကင်းစွာ ရေပတ်လည် ဝိုင်းနေသည့်ုကာကန်ကြီးရဲ့ အလယ် ဗိမာန် ငယ်လေးလို အဆောင်ငယ်လေးထဲရောက်လို့နေသည်။

အောက်ခြေ က ရေပင် မမြင်ရလောက်အောင် ပိန်းပိတ်အောင် ထူထပ် နေတဲ့ ပဒုမ္မာ ကြာပွင့်ကြာဖတ်တို့နှင့် ပြည့်နှက်နေလို့သည်။

စိတ်အစဉ် က မြူတူးလာမှုနှင့်အတူ ဗိမာန် ငယ်လေး ၏ အလယ်တွင် ရပ်နေရာမှ ကြာပင်တို့နှင့် နီးစပ်သွားစေရန် အတွက် လက်ရန်း နားသို့ တိုးကပ်သွားမိရင်း လက်လှမ်းမှီရာ အလှဆုံး ကြာပွင့်တပွင့်ကို ခူးဆွတ်လိုက်မိသည်။

ပန်းနုရောင် ကြာပွင့်လေးဟာ အစွမ်းကုန်ပွင့်အာနေသည်ကို သဘော တကျ ငေးနေမိရင်း နားထဲခပ်သဲ့သဲ့ ဝင်လာသည့် ခလေးငိုသံလေး ...

တဖြည်းဖြည်း ကျယ်လောင်လာသည့် ခလေး ငိုသံကို ကြားရပြီး ပတ်ဝန်းကျင် ပတ်ပတ်လည် သို့ ခေါင်းကို ချာလတ်ပည် လည်သည်ထိ လှည့်ပတ် ရှာမိသည့်တိုင် ဆယ်ဟွန်း ရယ် ကြာကန်ကြီးရယ်သာ ရှိနေပြီး သက်ရှိ သတ္တဝါ ဟူ ၍ ငါးပင်မမြင်ရ။
ထို့နောက် ငိုသံဟာ တဖြည်းဖြည်းဝေးသွားပြီး နောက်..

လက်ထဲ ပွေ့ထားသည့် ကြာပွင့်လေးကို ငုံ့ နမ်းမည်ပြင်လိုက်ကာမှ ထို ပန်းနုရောင် ကြာပွင့်အစား ဆယ်ဟွန်း ပွေ့ ပိုက်ထားမိသည်ကမွေးကင်းစ ခလေးလေးရဲ့ နုဖတ်ဖတ် ခန္ဓာလေးသာ ဖြစ်လို့နေသည်။

ပြီးတော့...
ဆယ်ဟွန်း ဟာလဲ ထို ခလေးငယ်လေးအား အမြတ်တနိုး ပွေ့ပိုက်ထားမိရင်း နမ်းကြူလို့နေခဲ့မိသည်။

ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)Where stories live. Discover now