" ကျွန်တော် ဘာ ဆက်လုပ်သင့်လဲpa"
Paထံမှ သက်ပြင်းချသံသဲ့သဲ့...
Paက ပေးစားခဲ့သည်မို့ အပြစ်ရှိသလို ခံစားနေရပုံပေါ်သည်။လွန်ခဲ့တဲ့ ၂ရက် ထဲကpaရှိရာshanghai ကို ထွက်လာခဲ့ တာ ယခု ထိဟွန်းနီးဆီကို လဲ ဖုန်းအဆက်အသွယ်မလုပ်ခဲ့သလို ဘယ် သွားမယ်ဆိုတာလဲ မပြောဖြစ်ခဲ့ပေ...
သူ စဉ်းစားဖို့အတွက် အချိန်လိုနေတာကြောင့် ထွက်လာခဲ့ခြင်းဖြစ်သည်။
"မင်းက ဘယ်လို ဖြစ်စေချင်သလဲ"
Paရဲ့ အမေးအတွက် သူ့မှာ အဖြေမရှိ...
ဂျီယောင်းကို စုံ စမ်းခိုင်းခဲ့သည့်နောက် ကြားရသည့် သတင်းက ဆယ်ဂျု ထွက်ပြေးသွားခဲ့သည့်အတွက်ဆယ်ဟွန်းကို လူစားထိုးခြင်းဖြစ်သတဲ့...
ဘယ်လောက်တောင် ယုတ္ထိမဆန်သည့် လိမ်ညာမှုကြီးလဲ...
သူက မိန်းခလေး မဟုတ်မှန်းသိသွားနိုင်တာကိုမတွေးမိခဲ့ဘူးလားမသိပါ...
ခွင့်မလွှတ်နိုင်လောက်အောင် ဖြစ်နေရပေမဲ့လဲ" ကျွန်တော် ဘယ်လိုလုပ်ရမလဲ...
ပြသာနာ ရှာ လိုက်သင့်သလား ဒါမှ မဟုတ် ဟွန်းနီးကို ဖွင့်မေးပြီး လျှောချလိုက်ရမလား...ကျွန်တော်မသိတော့ဘူးpa
တလျှောက်လုံး ပိပိရိရိနဲ့လိမ်ခဲ့တဲ့အတွက် စိတ်တိုနေတာတော့အမှန်ပဲ"Paက တော့ လူကြီးပီပီ ဝင်ပါချင်ပုံမရပေမဲ့...
ဟွန်းနီးတို့appaကို တော့ စိတ်တိုနေပုံရသည်။" paပြောမယ်
မင်းဟွန်းနီးကို ခွင့်လွှတ်နိုင်သလား"ဒါက လဲသူ့ကိုတွေဝေစေသည်။
အမုန်းဆုံးအလုပ်ကို လုပ်ခဲ့တဲ့အတွက် သေချာပေါက် ခွင့်မလွှတ်နိုင်ပါ.." ခွင့်မလွှတ်နိုင်ဘူး"
Paက ခေါင်းတဆတ်ဆတ်ငြိမ့်ပြတယ်...
" ဒါဆိုရင် ဟွန်းနီးကို စွန့်လွှတ်နိုင်သလား"
သူ ဟာ ပြော စရာ စကားတို့ ဆွံ့ အစွာဖြင့်ခေါင်းတွင်တွင်ငုံ့ထားမိသည်။
မျက်လုံးထဲပေါ် လာသည့် ဖြူဖြူစင်စင်မျက်နှာလေး...
လခြမ်းကွေးပုံမျက်ဝန်းလေးတွေရယ် သူနှစ်သက်ရတဲ့ နှုတ်ခမ်းသေးသေးလေးတွေ...သွားစွယ်ချွန်တွေပေါ်အောင် ပြုံးပြလာတဲ့အခါ သူသိပ်မြတ်နိုးသည်။
![](https://img.wattpad.com/cover/169025374-288-k500198.jpg)
YOU ARE READING
ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)
Fanfictionလိမ်ညာတာကိုအရမ်းမုန်းတဲ့သူရယ်... မတတ်သာလို့လိမ်ညာနေရတဲ့သူရယ်... နှစ်ယောက်ကြား အချစ်တို့ပေါက်ဖွားလာတဲ့အခါ... #cv by me