" ဆယ်ဟွန်း ထမင်းကို ဘယ်လိုစားနေတာလဲ"
ပန်းကန်လုံးအသေးလေးထဲက ထမင်းတွေကို တူနှင့်ထိုးဖွနေလျက် ပါးစပ်ထဲ ထမင်းတစိမှ မရောက်သေးသည်မို့appaရော ommaက ပါ မျက်ထောင့်နီနှင့်ကြည့်လာရင်း သတိပေးလာမှသာ စိတ်နှင့်လူနှင့်ကပ်သည်။
" အင်..ဟင်..ဟုတ်ကဲ့ စားလို့ ပြီးပါပြီ"
" ပြန်ထိုင် အိုဆယ်ဟွန်း ဘယ်နှစ်လုပ်စားရသေးလို့လဲ"
Appa က ဖိဟောက်လာသည်မို့ မစားချင်ချင် စားချင်ချင် ပန်းကန်လုံးက ထမင်း ကိုအရာ ယွင်းသွားဖို့ရာ ထိုးကြိတ်စားပစ်သည်။
"ဆယ်ဂျုနဲ့ သမက် ပတ်ခ် က အဆင်ပြေ မယ်တောင် မထင်ထားဘူး ခု လို အဆင်ပြေတယ်ကြားရတော့လဲ တော်သေးတာပေါ့ညနေတောင် ထမင်းလာစားလိမ့်မယ်ထင်တယ်
ဟွန်းနီးလေး သား အဆင်ပြေပါ့မလားဟင်""မပြေစရာရှိပါဘူးomma"
Ommaသည်လည်း အလိုက်မသိတတ်လွန်းသည်ပဲလား?
ကျွန်တော့်အပေါ် အားနာမှု တစိုးတစိမှ မရှိသလား...မသိ...
ဒါမှမဟုတ်...
ဦး အပေါ် ထားရှိသည့် ကျွန်တော့်ရဲ့ အချစ်ကို...ပေါပေါပဲပဲသတ်မှတ်ခဲ့သည်လား။Appaက လဲ ခပ်ပြုံးပြုံးနှင့်ရှိနေခဲ့သည်၊
သူတို့စီစဉ်သည့်ထိုဇာတ်လမ်းတွင်ကျွန်တော့် အတွက်နေရာ မရှိပေ...
ကျွန်တော်ဟာအရံဇာတ်ဆောင်သက်သက်သာ ဖြစ်ခဲ့ပုံရသည်။လက်ထဲက တူကို အသံမြည် ပစ်ချကာ စားပြီးကြောင်းအသိပေးကာ အခန်းထဲတွင်သာ ခွေနေရန် တွေးမိသည်။
.
.
.
"ဟွန်းနီး ...ommaကို ရွှေဖရုံသီးလေး စိတ်ပေးပါအုန်း"ချစ်ရတဲ့ရွှေယောက်ဖနဲ့ ချစ်လှစွာသော ညီမလေး အတွက် ညစာ ချက်ပြုတ်ခြင်း အမှုအတွက် ommaနှင့်ကူလုပ်ပေးနေရသည်။
"ဘာလို့ မျက်နှာကြီးစူပုတ်နေပြန်ရတာတုန်း ဟွန်းနီးရယ်...ညကျ ထမင်းဝိုင်းမှာ မျက်နှာပုတ်ကြီးလုပ်မထားနဲ့ အုန်း ပြီးတာတွေလဲပြီးခဲ့ပြီပဲကို...သားရယ်"
"..."
ကျွန်တော်ဟာ ခု ချိန်မှာ လေအေးတရားဟောနေသည့်ommaကိုလဲအမြင်မကြည်နိုင်ပါ...
မှုန်ယိုနေသည့်ဆင်လို မြင်မြင်သမျှ ပတ် ရမ်းချင်သည့်စိတ်ကို ရွှေဝါရောင် ရွှေဖရုံသီးတုံးတွေပေါ် ဓားနှင့် ခပ်ကြမ်းကြမ်းလှီးဖြတ်ရင်း ပုံချနေမိသည်။
YOU ARE READING
ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)
Fanfictionလိမ်ညာတာကိုအရမ်းမုန်းတဲ့သူရယ်... မတတ်သာလို့လိမ်ညာနေရတဲ့သူရယ်... နှစ်ယောက်ကြား အချစ်တို့ပေါက်ဖွားလာတဲ့အခါ... #cv by me