25

7.4K 657 65
                                    


ကားရပ်သည်နှင့် ကိုယ့် language ကိုပင် မသယ်နိုင်ပဲ ဂျီယောင်းကို အနိုင်ကျင့်ကာ သယ်ခိုင်းစေပြီး အိမ်ထဲ ခပ်သွက်သွက်ဝင်လာလိုက်သည်။

အိမ်ပေါက်ဝ ဘက် ကို ကျောပေးကာ ဆို ဖာ ပေါ် ထိုင်နေရင်း တခုခု ကို စိတ်ဝင်တစား လုပ်နေပုံရတဲ့ ခပ်သေးသေး ကျောပြင်လေးကို မြင်နေရပြီ...
၂ပတ်ထဲ နဲ့ ပိန် ကျ သွားလိုက်တာအရင် က ထက် ပိုသေးသွယ်နေသည်။

အနောက် က နေ သိမ်းကျုံး ဖက်လိုက်တော့ ဆတ်ခနဲတုန်တွားသည့် ခန္ဓာကိုယ်လေး...

တဆိတ်...
အသားရည် က အရင်က ထက် ပို အိထွေးနေသလားလို့...

" ဟွန်းနီး...ကိုယ့်ကို လွမ်းမနေဘူးလား"

လည်ဂုတ် စပ်လေးကို ခပ်ဖွဖွ နမ်းလိုက်ရင်း ...

" ဦး..."

တဖက်လှည့် လာတဲ့ မျက်နှာလေးကြောင့် မျက်မှောင်ကျုတ်လိုက်မိသည်။

Eyeshadow ချယ်ထားတဲ့ မျက်ဝန်းလှလှလေးရယ် အရင်က ထက် ပိုကော့ညွတ် နေတဲ့မျက်တောင်ဖျားလေးတွေ...

"ဦး ပြန်လာပြီလား ထင်တော့ထင်သား ဒီနေ့ ဦးပြန်လာတော့မယ်ဆိုတာ..."

အရင်က လို ဩရှရှအသံလေးအစား ချိုအီအီအသံလေး...
ရယ်သွမ်းသွေးနေတဲ့မျက်နှာလေးက အပြစ်မလုပ်ထားသည့်အတိုင်း ကြည်ကြည်လင်လင် ဖြစ်လို့နေသည်။

ကိုယ့် ကို ခု ထိ ပီပီပြင်ပြင်နဲ့လိမ် နေသေးတုန်းပဲ...

" ကိုယ် နားတော့မယ်"

အိမ် ပေါ် ထပ် တက် တော့ လဲအရင်က ဆို အနောက် က ကပ်ပါလာလေ့ရှိခဲ့ပေမဲ့...
ခု တော့ ဟွန်းနီး က လုပ်လက်စ ခြေသည်းနီဆိုးခြင်းအလုပ်ကို သာ ဆက်လုပ်နေလေသည်။

သူ ရိပ်မိသွားတာကြောင့်ပဲ...မိန်းမပီသစေရန် နေပြနေသည်လား?

အရင်က ဆို မျက်နှာပြောင်လေးနဲ့ နေတတ်တဲ့ဟွန်းနီး ဟာ ခုတော့ မိတ်ကပ် အပြည့်နှင့် မိန်းခလေး ဆန်နေလွန်းသည်။

တွေးလာ ခဲ့သမျှ စဉ်းစား လာခဲ့သမျှ...ဟာ ခု တော့ ဘာဖြစ်သွားသည် မသိ...
စိတ် က နောက်ကျိ လို့သွားသည်။

ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)Where stories live. Discover now