29

8.2K 828 108
                                    

"Appa"

Appaအပါအဝင် ဦးနှင့် ကျန်တဲ့ သူအကုန်လုံးကပါ ထမင်းစားလက်စကို ရပ်၍ မော့ကြည့် လာကြသည်။

"  ကျွန်တော်... Danielအိမ်မှာဒီfirstsem၃လလုံး ခဏသွားနေမလို့ "

" မင်းမှာ အိမ်မရှိလို့လား ဆယ်ဟွန်း"

Appaထိုသို့ ပြော လာလိမ့်မည် ဆိုတာလဲကျွန်တော်မျှော်လင့်ခဲ့ ပြီးသား ...
ကျွန်တော့်ဘက် တချက်သာ မော့ ကြည့် ပြီး ဆယ်ဂျု့ ကို ငါးအရိုးနွှင်ပေးနေသည့်ဦး ထံ အကြည့်တချက်ဝေ့ဖြစ်သည်။
ညနေတိုင်း အကြောင်းအမျိုးမျိုးပြကာ ထမင်းလက်ဆုံ လာစားလေ့ရှိတဲ့ ဦးနဲ့ ဆယ်ဂျု တို့ ရဲ့ ထိုသို့ ပူးပူးကပ်ကပ် မြင်ကွင်းတို့ကို မြင်ရတွေ့ရတာ ကျွန်တော် တကယ် ပင်ပန်းနေခဲ့ပြီ။

"အာ့ လို သဘောမျိုးမဟုတ်ပါဘူးappa ...danielရဲ့ အဖေနဲ့ အမေက လန်ဒန် ပြန် သွား တာ ၄လလောက် ကြာမယ် ပြောတယ် appa
အိမ်မှာက သူ တယောက်ဖြစ်နေတာကြောင့် ကျွန်တော့်ကို အကူ အညီတောင်းတဲ့ သဘောပါ သူ့အိမ်ကနေဆို ကျောင်း နဲ့လဲ သိပ်မဝေးတော့ဘူးလေ သွားရတာ ။ သွားနေမယ်ဆိုတာကလဲ ကျောင်းဖွင့်ရက်တွေလောက်ပါပဲ"

Appaမျက်နှာ အရိပ် အကဲ အရ ခွင့်ပြုတော့မည့် သဘောဆောင်နေပြီ။

" ပြီး ရော လေ ကျောင်းနဲ့ နီးတယ်ဆိုရင် အဆင်ပြေတာပဲ အိမ်ကို ဖုန်းဆက်ဖို့တော့မမေ့နဲ့"

"ဟုတ်ကဲ့ပါ appaကျေးဇူးတင်ပါတယ်"

" စားလို့ပီးပါပီ"

ထမင်းပန်းကန် ထဲ အရာ မယွင်းသေးသည့် ဦး က စားလို့ပြီးပီဖြစ်ကြောင်း ပြောကာ ထထွက်သွား လေသည်။.မျက်နှာ ကြောကြီး တင်းနေသည့် ဦးက ထမင်းဝိုင်းမှ မထခင် ကျွန်တော့်ကို စောင် ကြည့်သွားခဲ့သေးသည်။

ကျွန်တော်ဘာပဲ လုပ်လုပ် ဦး က ကျွန်တော့်ကို မုန်းနေတော့ တာပါပဲ...

***********************
" ဆယ်ဟွန်း "

ကျွန်တော့် အခန်းထဲဝင်လာသည့် ဆယ်ဂျုကို တချက်သာ လှည့်ကြည့်ဖြစ်ရင်း အဝတ်တွေ ဆက်သိမ်းနေလိုက်သည်။

" နင် ငါတို့ကို မမြင်ချင်လို့ သက်သက် ရှောင် တာမလား"

ဆယ်ဂျု့ အသံတွင် ဒေါသ အလျဉ်းမရှိ..
စိတ်ပျက်ဝမ်းနဲ ခြင်းတို့စွက်နေသည်။

ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)Where stories live. Discover now