36

9.3K 933 113
                                    

       After 5 years later

* ဘုတ် *

"Oh I am so sorry "

" never mind"

ဆယ်ဟွန်း တိုက်မိတဲ့ တဖက် လူကို တောင်းပန်ပြီးနောက် ပြေးရပြန်သည်။
အချိန်ကို ကြည့်တော့ ၅နာရီခွဲ ...

"ကျစ်..သမီးတော့ ငိုနေတော့မှာပဲ"

ခြေထောက်ကိုခပ်သွပ်သွပ်အလုပ်ပေးပြီးသည့်နောက် သမီးရဲ့ မူကြိုကျောင်းရှိရာဆီ သို့ ရောက်လေသည်။

" appa"

ကျွန်တော့်ကိုမြင်သည်နှင့် မျက်ရည်စက်လက်ဖြင့်  သမီးက လက်ဆန့်တန်းကာပြေးလာတာမို့ ရင်ထဲ နင့်ခနဲ။

အလုပ်က ဂျာနယ်တိုက်တခုရဲ့ အယ်ဒီတာချုပ် ၏ လက်ထောက်မို့ အယ်ဒီတာ ချုပ် ရဲ့ အစည်းအဝေး တခုပြီး တခု ဆက်နေသည့်နောက် သမီးကို ကြိုဖို့  မေ့နေခြင်းဖြစ်သည်။
ခါတိုင်းဆို danielက ကြိုပေးပေမဲ့  မနေ့ကမှ ခရီးထွက်သွားတဲ့danielကြောင့်နဲနဲ ကသီသွားသည်က အမှန်ပါ။

" appaက  ဟင့်  နာအွန်းလေးကို လာမကြိုတော့ဘူးထင်နေတာ"

တရှုံ့ရှုံ့ငိုနေတဲ့ သမီးကိုယ်သေးသေးလေးကို ရင်ခွင်ထဲ ပွေ့ဖက်ထားရင်း  ကျွန်တော်ကိုယ်တိုင်လဲ မျက်နှာပျက်နေမိသည်။

ငိုလို့ ဝသွားသည့် နာအွန်းလေးကို ချီလိုက်ရင်း စောင့်နေပေးသည့် ဆရာမ ကို ကျေးဇူးတင်စကား အထပ်ထပ်ဆိုမိသည်။

Busကားဂိတ်သို့သွားရာ လမ်းတလျှောက် သမီး  ရဲ့ ကျောပိုးအိတ်နှင့်ခြင်းတောင်းကတဖက် လက်ဆွဲ အိတ်ကတဖက် နှင့် လည်ပင်းကို မလွှတ်တမ်းဖက်ထားကာ ပခုံးပေါ် ခေါင်းမှောက်ချထားတဲ့ သမီးကြောင့်  ချွေတာရေးအနေဖြင့် busကားစီးဖို့အစီ အစဉ်ကို လက်လျှော့ လိုက်ပြီးtaxiငှားကာ ပြန်လိုက်သည်။

နေထိုင်ရာ တိုက်ခန်း အောက် သို့ရောက်တော့ သမီးက ငိုလို့မောကာ အိပ်မောကျနေပြီ။

အထုတ်ပေါင်းသောင်းခြောက်ထောင်နှင့် ၆လွှာသို့ သမီးကို ချီ ရင်း တက်ရပြန်သည်။

ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာ ဆိုသည့်အတိုင်း ဓာတ်လှေကားက ပျက်နေတာ ၂ရက်ရှိပြီမို့ လျှာထွက်မတတ် ရိုးရိုးလှေကားက တက်ရသည်။

ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)Where stories live. Discover now