ထမင်းစားခန်းထဲတွင် ommaရင်ခွင်ထဲ အားရအောင် ငိုခဲ့သည့်နောက် ရင်ထဲတွင်ရှင်းသွားသလို ခံစားရလေသည်။
ညစာ ထမင်းပွဲအတွက် ပြင်ဆင်ပြီးသည့်နောက်Appaနှင့်ဦး က ရှေ့ ဆင့် နောက်ဆင့်ဆိုသလို ပြန်ရောက်လာလေ၏..
ဆယ်ဂျု ကိုတော့ အခန်းထဲမှာ နေရန် မှာထားတာမို့ ဆင်းမလာပေ...
ဆယ်ဟွန်း မျက်နှာ မကောင်းတာကို ရိပ်မိသည့် ဦးက အရိပ်တကြည့်ကြည့်...
ထမင်းဝိုင်းတွင် တစ်ပန်းကန် ကုန်ရုံလောက်သာ ကြိတ်မှိတ်မျို ချ ပြီးလက်စသတ်လိုက်လေသည်။
" ဟွန်းနီးကိုယ် တို့ ဒီ ည ဒီမှာ အိပ်သွား မလား"
ဦး က သူ့လက်လေး ကို ဆုပ်ကိုင်ရင်း ခပ်ပြုံးပြုံးနှင့်ပြောနေတာ ကြည်နူး ဖို့ကောင်းပေမဲ့ appaနဲ့ommaကတော့ မျက်နှာသိပ်မကောင်းပါချေ...
" ပြန် ရအောင် ဟွန်းနီး အိမ်ပဲပြန်ချင်တာ"
" အိပ်သွား ပါ မနက်မှပြန်"
Appaရဲ့ စကားကြောင့်ဆယ်ဟွန်းငြိမ်နေလိုက်ရပေမဲ့ ဖြစ်နိုင်ရင် ပြန်ချင်သည်။
ဆယ်ဂျု ရှိနေတာမို့ မတော်တဆ တွေ့သွားခဲ့ရင်?" အခန်းထဲ သွားတော့မယ်နော်appa"
အသီးစားနေဆဲဖြစ်တဲ့ ဦးနဲ့appaတို့ ကိုနှုတ်ဆက်လိုက်ရင်း အပေါ်ထပ်ရှိအခန်းထဲကိုဦးတည်လိုက်လေ၏
ဆယ်ဟွန်း အနောက် က ကပ်လိုက်လာတဲ့ဦး ကို တချက်သာ လှည့်ကြည့် ရင်း ဘာ စကားမှမဆိုမိပေ...
အခန်း ဝပင် ရောက် သေး လူကို အသည်းအသန် ဖက်ရင်း ဆွဲချုပ်နမ်းလာသည့်ဦးကြောင့် လန့်သွားရသည်။
တဖက် အခန်းမှာ ဆယ်ဂျု ရှိလေသည်။
" ကိုယ့် ကို စိတ်ဆိုးနေတာလားကိုယ် ဘာလုပ်မိလဲဟင်"
" မဆိုးပါ ဘူး အခန်းထဲသွားရအောင်ပါ"
" ပြန် ချင်လို့လား ဦး က အိပ်ခိုင်းလို့ စိတ်ဆိုးသွားတာလား"
အခန်းပေါက်ဝတွင် သာ ရစ်နေသည့်ဦး ကြောင့် ခက်ချေပီ...
" ဟာ အာ့ လို မဟုတ်ပါဘူးဆို အခန်းထဲဝင်မယ် "
YOU ARE READING
ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)
Fanfictionလိမ်ညာတာကိုအရမ်းမုန်းတဲ့သူရယ်... မတတ်သာလို့လိမ်ညာနေရတဲ့သူရယ်... နှစ်ယောက်ကြား အချစ်တို့ပေါက်ဖွားလာတဲ့အခါ... #cv by me