23

6.6K 730 51
                                    

"ဟွန်းနီး ..."

စောင်ပုံ ထဲလုံးထွေးကာ အိပ် မော ကျနေတဲ့ ကောင်လေးရဲ့ ပါး ကို လက်ခုံဖြင့်ခပ်ဆတ်ဆတ် လေး ပုတ်နှိုး လိုက်သည်။

" အင်းး ဦး "

ကြောင်လေးလို တအင့်အင့် နှင့် စောင် ပုံ ထဲပြန် တိုးဝင်သွားတဲ့ ကောင်လေး...

" ကိုယ် သွားတော့မယ်"

ထို အခါ မှ မျက်လုံးလေး မပွင့်တပွင့်နှင့် သူ့ကို အိပ်ယာပေါ် အတင်းဆွဲချ နေတာမို့ အိပ်ယာ ပေါ် အသာလှဲ လိုက်ရသည်။

" ကိုယ်နောက်ကျတော့မယ်"

သူ့ ခါး ကို ဖက်တွယ် ထားရင်း ရင်ခွင်ထဲအတိုးဝင်နေတဲ့ ကောင်လေးကို အသာ တွန်းဖယ်မိသည်။

" ခဏလေး ပဲဒီတိုင်းလေး ခဏပဲ"

ရင် ဘတ် ကို မျက်နှာနှင့်ပွတ်တိုက်နေသည့် ကောင်လေး ကြောင့်အသာ ငြိမ်နေပေးလိုက်သည်။

" ဦး..."

" ..."

" နေ့ခင်း မှသွားလို့မရဘူးလား"

" မရဘူးလေ လေယာဉ်ချိန်က.."

သူ့ နှုတ်ခမ်းတခု လုံးကို ငုံထွေးလာသည့်နှုတ်ခမ်းပိစိလေးကြောင့်စကား စ ပြတ်သွားရသည်။

" ရွှေ့လိုက်ပါ "

" ဘာ လို့လဲ"

ခပ်အစ်အစ်ဖြစ်နေတဲ့ မျက်ဝန်းအိမ် ကျဉ်းကျဉ်းလေး ထဲတောင်းပန် တိုးလျှိုမှုတို့အပြည့်နှင့် သူ့ကို မော့ကြည့်လာလေသည်။

" ဟွန်းနီး နေမကောင်းလို့ပါ နေ့ခင်းမှသွားပါနော်"

နဖူး ကို စမ်းကြည့်တော့လဲကိုယ်ပူမနေပါ
...

" မရဘူးလေကွာ"

" အာ့ဆို လဲဒီအတိုင်းလေးပဲခဏလောက်နေပေးပါ"

ရင် ခွင်ထဲတိုးဝင်ရင်း ခါးကို တင်းနေအောင်ဖက်ထားသည့် ဟွန်းနီးနှင့် သူ သည် ဘာ စကားမှမဆို ဖြစ်ပါဘဲထို အတိုင်းသာ အချိန် အတော် ကြာ သည်အထိနေဖြစ်ကြသည်။

" ဦး"

"အွန်း"

"ချစ်တယ်"

လက် ဖဝါး ချင်းထပ်ရက် ဆုပ်ကိုင်လာရင်း ချန်ယောလ် လက်သူကြွယ်ရှိ လက်ထပ် လက်စွပ်ကို ခပ်ဖွဖွ ပွတ်သပ် လာသည့် လက်ချောင်းလေးများ...

ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)Where stories live. Discover now