39

10.2K 899 83
                                    

"မကြာခင် ပြန်လာခဲ့ပါမယ်"

မျက်ရည် ဝဲကာ သွားစချင်ပုံမရတဲ့ommaနဲ့ဆယ်ဂျုအား ပွေ့ဖက်ကာ နှစ်သိမ့်လိုက်သည်။

တကယ်ဆို ပြန်လာဖြစ်ဖို့က မသေချာပေမဲ့ ကျန်ခဲ့တဲ့သူတွေကို စိတ်မဆင်းရဲ စေချင်ပါ။

12နာရီ ကျော်မျှ လေယာဉ် စီးပြီးနောက်  London Heathrow လေဆိပ် သို့ ဆိုက်ရောက်လေသည်။

" daddy"

လေဆိပ်ဝန်းထဲ ရောက်သည်နှင့် ဆယ်ဟွန်းတွဲထားသည့်လက်ကိုအတင်းဖြုတ်ချကာ လုံးတုံးလုံးတုံးနှင့်ပြေးသွားသည့် သမီးကို လိုက်မဆွဲဖြစ်။

သမီးက Danielကို အရင်မြင် သည်။

Danielလက်မောင်းတွေကြားပွေ့ချီယူထားသည့် သမီးက သူ့daddyကိုလွမ်းနေပုံရသည်။

" ပြန်တောင်မလာဘူးထင်တာ"

" မလာစရာလား"

ခုမှ စိတ်အေးသွားပုံဖြင့် ပြုံးလာသည့်danielလက်မောင်းကို လက်သီးဖြင့်ခပ်ဖွဖွထိုးလိုက်သည်။

"Daddyကိုနာအောင်မလုပ်နဲ့လေAppa"

သူ့ daddyလည်ပင်းကို သိုင်းဖက်  ပုခုံးပေါ် မျက်နှာမှောက်ချသွားသည့် သမီးကDanielနဲ့ပက်သတ်လာရင် တကယ့်အူပုတ်လေး။

ကားထဲ လဲ danielနဲ့ သမီးက သာ စကားလက်ဆုံကျနေပေမဲ့ ဆယ်ဟွန်းကတော့ ဟိုတွေးဒီတွေး။

ပြန်ခါနီး ဦးကို လာတွေ့ပါမည် ဟု ကတိပေးခဲ့ပေမဲ့ တကယ်တမ်းကြတေ့ Appaဈာပနာ ပြီး  တာနှင့်အလုပ်ကလဲ လှမ်းခေါ်နေပြီမို့တန်းပြန်ဖြစ်ခဲ့တာမတွေ့ဖြစ်ခဲ့ပေ။

" ဆီ ဟွန်း "

" အင် ဟင် "

ဟုတ်ပါရဲ့ ။ အတွေးတွေနဲ့ မျောနေမိတာ ဆယ်ဟွန်းတို့ နေထိုင်ရာcondoရဲ့ မြေအောက်ထပ် ကားပါကင်ပင် ရောက်နေလေပြီ။

အချိန် အားဖြင့် ၈နာရီ ။
အပြင်မှာ ညစာစားခဲ့ပြီး အိမ်အတွက် လိုအပ်တာ တွေဝယ်ခဲ့တခါထဲ ဝယ် ပြီးပြန်လာသည့်တိုင်danielကမပြန်သေးပဲသမီးကို ပေါင်ပေါ်တင်ကာ သမီးကြိုက်သည့်oggyကားကိုထိုင်ကြည့်နေပေးသည်။
Martက ဝယ်လာသည့်beerဗူးအေးအေးကို danielဆီတဗူးပေးလိုက်ပြီး ဆယ်ဟွန်းပါ တဗူးသောက်နေလိုက်သည်။

ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)Where stories live. Discover now