40

10.5K 865 107
                                    

ရေမွှေးနံ့ ခပ်သင်းသင်းလေးရနေသည့် ရင်ခွင်ကျယ်၊
ခါးထက် ရစ်တွယ်ထားသည့် လက်တွေက တင်းကြပ်လို့နေသည်။

" ဖယ်ပါ အုန်း"

အနဲငယ်လူးလွန့်ရုန်းမိသည့်တိုင် အတင်းအကျပ်ဖက်တွယ်ထားမှုဟာ အနှစ်အနှစ်အလလ ကွဲကွာနေရာမှ ပြန်ဆုံတွေ့ကြသည့်သူတွေပမာ၊

အထူးသဖြင့် danielပေါင်ပေါ်ရှိနေမည့် သမီးရဲ့ ရှေ့ ခုလို ပုံစံမျိုးကြီးကို မမြင်စေလိုပါ၊

" ကျွန်တော် အသက်ရှု ကျပ်လာပြီ"

"Sorry  ဟက်  ကိုယ်က အပျော်တွေလွန်နေတော့..."

ပခုံးရင်းကို လက်နှစ်ဖက်နှင့်ဆုပ်ကိုင်ရင်း ရွှန်းရွှန်းစားစား ပြုံးကာ စိုက်ကြည့်လာသည့်ဦး ကြောင့် ဆယ်ဟွန်းရိပ်မိလိုက်သည်။

" ဦး...သိသွားတာလား "

နှစ်ယောက်ကြားနိုင်ရုံ လောက်သာ ခပ်တိုးတိုးပြောမိသည်။

" အင်း...ကိုယ်လေ သိသိချင်းဝမ်းလဲ ဝမ်းသာတယ် စိတ်မကောင်းလဲ ဖြစ်မိတယ်"

ဦးကို ကျော်ကာ အနောက်ဘက် ဆိုဖာတွင်ထိုင်နေသည့် သမီးနဲ့danielကို လှမ်းကြည့်မိတော့ danielက မသိသလို မျက်နှာလွှဲကာ TVကိုငေးနေပေမဲ့ သမီးကတော့ ဦးနဲ့ကျွန်တေ့်ကိုစိတ်ဝင်တစားငေးနေလေသည်။

" Daniel သမီးကို ဒီည   အိမ်ခေါ်သွားပေးလို့ရမလား "

ဦး ကို တချက်စိုက်ကြည့်သည့်danielမျက်ဝန်းတွေက ဝမ်းနဲနေဟန်မှိုင်းညို့နေသည်၊
ထို့နောက် ခေါင်းတချက်ဆတ်ပြလာပြီး သမီးလက်ကို ဆွဲကာ ဆိုဖာမှ ထရပ်သည်။

" သမီး ဒီည daddyနဲ့ လိုက်အိပ်လိုက်နော်Appaမနက်ကြလာခေါ်မယ် ဟုတ်ပြီလား"

သမီးက ဦးကိုတချက်မော့ကြည့်ပြန်သည်။
ထို့နောက် သမီးရှေ့ ဒူးထောက်ထိုင်နေသည့် ဆယ်ဟွန်း ရဲ့ နား နားကပ်ကာ...

" အဲ့ ဦးဦးက စိတ်ချရပါ့မလား Appaကို တခုခုလုပ်ရင် ဘယ်နှယ့်လုပ်မလဲ နာအွန်းလေးက Appaကိုကာကွယ်ဖို့ အတွက် ဒီမှာပဲနေလို့မရဘူးလား"

သမီးရဲ့အတင်းပြောသလို လေသံတိုးတိုးလေးကိုကြားသွားသည့်ဦးက ဟက်ခနဲတချက်ရယ်သည်။
ထိုအခါ ဦး ဘယ်ဘက် ပါးပြင်ထက် လက်ခနဲပေါ်လာသည့်ပါးချိုင့်လေးကိုမြင်သွားသည့်သမီးကဆယ်ဟွန်းနား ကပ်လာပြန်ရင်း...

ဟန်ဆောင်ခြင်းရဲ့နောက်ကွယ်(completed)Where stories live. Discover now